အပိုင်း { ၁၀ }

51.3K 4.2K 630
                                    

>>>>> [ Unicode ] <<<<<

နောက်တစ်နေ့မနက်ခင်းတွင် ခေါင်းရင်းကဖွင့်ထားတဲ့ပြတင်းပေါက်ကနေထိုးတဲ့အချိန်မှသာ ခွန်စိုင်း နိုးလာခဲ့သည်။အရင်ရက်တွေကဆို ဘယ်တုန်းကမှ ဒီအချိန်ထိမအိပ်ဖူးတဲ့ ခွန်စိုင်းဟာ ဒီနေ့တော့ ခေါင်းထဲမူးနောက်နောက်နဲ့ဖြစ်နေတာကြောင့် ချက်ချင်းအိပ်ရာကမထသေးပဲ ပက်လက်ဖြင့် သူ့ဘယ်လက်ကိုနှဖူးပေါ်တင်ကာနေနေသည်။ သို့သော် သူ့ညာဘက်လက်ကတစ်စုံတစ်ခုကိုကိုင်ထားတာကိုသတိပြုမိတာမို့ ကြည့်လိုက်တော့ နေစေးရဲ့လက်ဖြစ်နေခဲ့သည်။

နေစေး သည် ခွန်စိုင်းကုတင်အောက်ခြေ..ခွန်စိုင်းခေါင်းရင်းနရံဘက်ခြေထောက်တစ်ဖက်ချပြီး ကျန်တစ်ဖက်ကိုဒူးထောင်၍လက်တစ်ဖက်တင်ပြီး ခေါင်းရင်းသို့မှီကာအိပ်ပျော်နေသည်။ နေစေး ရဲ့ ကျန်လက်တဖက်ကို ခွန်စိုင်းကဆုတ်ကိုင်တာကိုတော့ မဖြည်ခဲ့ပေ ။

* သူတညလုံး အဲ့လိုအိပ်နေခဲ့တာလား *

ခွန်စိုင်း မနေ့ညကအဖြစ်အပျက်ကိုပြန်စဥ်းစားကြည့်သည်။ မနေ့ညကအိပ်ရာဝင်ပြီး ဘယ်လောက်မှမကြာသေးတဲ့အချိန် ဗိုက်အောင့်....။ အာ ဟုတ်သားပဲ ငါအရမ်းဗိုက်အောင့်ခဲ့တာ.. ဒါပေမယ့် နောက်ပိုင်းဘာဖြစ်သွားလဲ ငါမမှတ်မိတော့ဘူး။

အဖျားကြီးပြီး ဘာမှမမှတ်မိတဲ့ခွန်စိုင်းက နေစေးကိုကြည့်နေတော့သည်။ ယောက်ကျားပီသတဲ့မျက်နှာကအိပ်နေတာတောင်ကြည့်ကောင်းလွန်းသည်။ မနေ့ကဝတ်သွားတဲ့အဝတ်အစားတွေနဲ့မတူပဲ ရှမ်းဘောင်းဘီရှည်နှင့်ပင်နီ အကျီကိုဝတ်ထားတဲ့ နေစေးသည် အထူးတလည်ပြင်ဆင်မနေရင်တောင်ယောက်ကျားပီသပြီး ထက်မြက်တဲ့ယောက်ကျားဖြစ်ဆဲပဲ ။

ခွန်စိုင်း က နေစေးနိုးသွားမှာစိုးလို့ သူဆုတ်ကိုင်ထားတဲ့လက်ကိုဖြည်းဖြည်းချင်းလွတ်ပေးလိုက်ချိန်မှာ မထင်မှတ်စွာ နေစေးကပြန်၍ဆုတ်ကိုင်လာပြီးအလွတ်မပေးတာကြောင့် ခွန်စိုင်းနည်းနည်းအခက်တွေ့နေ၏။ ထိုစဥ်မှာ အအိပ်ဆတ်တဲ့နေစေးက သူ့နံဘေးကလှုပ်ရှားမှု့လေးကြောင့်နိုးလာခဲ့သည်။

" အာ တောင်းပန်ပါတယ် ကိုယ်မင်းကိုနှိုးလိုက်မိပြီလား "

အားနာဟန်နှင့်ပြောလာတဲ့ နေစေးက ခွန်စိုင်းရဲ့အိပ်ရာထချိန်မှာရှိနေတဲ့ပုံစံလေးကိုကြည့်ပြီး လက်တဖက်က ခွန်စိုင်းနှဖူးဆီကပ်ကြည့်၍ မေးလာသည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now