အပိုင်း { ၂၆ }

39.8K 3.5K 484
                                    

                            [ Unicode ]

" စိုင်းဟွမ် "

ခွန်စိုင်းဟာ သူ့နာမည်ကိုတစ်စုံတစ်ယောက်ကနူးညံ့စွာမခေါ်လိုက်ခင်အထိ သူ့ကြောက်စိတ်ကြောင့်နှလုံးသားက ပါးစပ်ထဲကထွက်သွားတော့မလားခံစားနေရသည်။ သို့သော် သူတောင်းတနေတဲ့အသံလေးနဲ့ တစ်စုံတစ်ယောက်​ရောက်လာတဲ့အခါ.. သူ့နားတွေကိုပိတ်ထားတဲ့လက်တွေကိုဖြေးညှင်းစွာဖယ်ခွာလိုက်ပြီး သူ့ရှေ့မှာရှိနေတဲ့လူကိုဖြေးဖြေးချင်းမော့ကြည့်လိုက်သည်။

" စိုင်းဟွမ်.."

သူ့ခေါင်းပေါ်ကိုရောက်လာတဲ့လက်ဖဝါးဆီကနွေးထွေးမှု့။ နူးညံ့ခြင်းအပြည့်နှင့် ထိုယောက်ကျားရဲ့မျက်ဝန်းတွေထဲမှာ မချိတင်ကဲဖြစ်နေမှု့တွေက ခွန်စိုင်းနှလုံးသားကိုနွေးထွေးစေသည်။

" ...အက်..အက်ဒွက် "

" အင်း။ ကျုပ်လာပြီ..မကြောက်နဲ့တော့နော် "

အားကိုးရာရောက်လာတဲ့အခါ ခွန်စိုင်းမျက်ရည်တို့သွင်သွင်ကျလာပြီး သူ့ရှေ့မှာဒူးတစ်ဖက်ထောက်ထိုင်နေတဲ့ နေစေးကိုမျှော်လင့်တကြီးကြည့်ကာ ပြေးဖက်ချင်ပေမယ့်သူ့ဒဏ်ရာတွေကြောင့်သူ့မှာလှုပ်ဖို့တောင်အနိုင်နိုင်။ ထို့ကြောင့် သူ့မှာ နေစေးကိုလက်နှစ်ဖက်ဆန့်တန်းပြီးသူ့ကိုဖက်စေချင်ဖို့ရာရှိစေ၏။

နေစေးသည်လည်း သူ့ရဲ့လစ်ဟာမှု့ကြောင့် ခွန်စိုင်းဒီလိုဖြစ်ရတာကိုတွေးမိတိုင်း သူ့ရင်ထဲမှာမီးစအချွန်ထိုးဖောက်သလိုခံစားရင်း ကမ်းလှမ်းနေတဲ့လက်က​လေးနှစ်ဖက်ကိုလှမ်းယူကာ ခွန်စိုင်းကိုသူ့ရင်ခွင်ထဲထွေးပွေ့ထားလိုက်သည်။

" တောင်းပန်ပါတယ်၊ ကျုပ်ပေါ့လျှော့မိလို့ပါ "

နေစေးရဲ့တောင်းပန်စကားအဆုံး ခွန်စိုင်းခုနတည်းကနာကျင်မှု့တွေနှင့်ရှိုက်ငိုတော့သည်။

" အက်ဒွက်..အီးဟီးဟီးး ကိုယ်..နာတယ် ဟင့် "

" တောင်းပန်ပါတယ်..ကျုပ်ကြောင့်ပါ.. ကျုပ်တောင်းပန်ပါတယ်ခင်ဗျားရယ် "

ထို့နောက် ခွန်စိုင်းခန္ဓာကိုယ်လေးကိုတင်းကျပ်စွာဖက်ထားပြီး မချိတင်ကဲဖြစ်လို့နေတော့သည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now