အပိုင်း { ၃၁ }

31K 2.4K 96
                                    

Unicode

နေစေးတို့ရောက်ပြီဆိုတဲ့သတင်းကို တပ်သားတွေက နယ်စပ်ရဲ့အဓိကခေါင်းဆောင်အဖြစ်တာဝန်ယူထားရတဲ့ ခေါင်းဆောင်တခ်မူးရယ်ကိုသတင်းပို့ကြတယ်။

ပုံမှန်တပ်ဖွဲ့တွေနဲ့ယှဥ်လျှင် နယ်စပ်တပ်ဖွဲ့ကအဖွဲ့သားတွေဟာပို၍ကြမ်းတမ်းပြီး တိုက်ခိုက်ရာမှာလည်းအထူးလေ့ကျင့်မှု့ပြုထားသည်.. ထိုထဲတွင် အဖွဲ့ထဲမှာအတော်ဆုံး ဟုသတ်မှတ်ထားသော တခ်မူးရယ် သည် ဘွား နှင့် မော့တို့လောက်နီးနီးလက်ရည်ရှိသူဖြစ်သည်။

နေစေး အဖွဲ့သားတွေဟာမြင်းတွေယူ၍တာဝန်ကိုယ်စီနဲ့ထွက်သွားကြပြီး နေစေးတို့လေးယောက်ကတော့ ယာယီဆောက်ထားတဲ့တဲအိမ်ငယ်လေးထဲမှာအနားယူနေကြသည်။ နေစေးအပြင် ဘွားနဲ့မော့တို့ဟာဒီနေရာနဲ့မစိမ်းသက်သူမို့ပုံမှန်ဆိုပေမယ့် နေစေးရဲ့ချစ်ဧည့်သည်လေးခွန်စိုင်းအတွက်တော့ ဒီနေရာကစူးစမ်းချင်စရာအများကြီးရှိနေပုံပင်။

အသက်သာပင်နေစေးထပ်ကြီးသော်လည်းတစ်ခါတရံကလေးစိတ်လေးနဲ့သဘောထားဖြူစင်မှု့အပြည့်ရှိနေတဲ့ ခွန်စိုင်းကို နေစေးမှာအရိပ်တကြည့်ကြည့်နှင့်ပင်။

ဟိုဟိုဒီဒီခေါင်းလှည့်ပြီးလျှောက်ကြည့်နေတဲ့ ခွန်စိုင်းကိုကြည့်ပြီး နေစေးကခွန်စိုင်းခေါင်းလေးပေါ်သူ့လက်ဖဝါး​ကြီးအုပ်တင်ကာ။

" တော်ပြီ လျှောက်မကြည့်နဲ့တော့ ခေါင်းမူးနေမယ်။ "

" ဟင်..အင်း "

နေစေးပြောမှ ခွန်စိုင်းက သူ့ရဲ့အပြုအမှုကအရမ်းသတိထားမိစရာဖြစ်နေမှန်းသိသွားပြီး နားရွက်လေးတွေရဲကာနည်းနည်းရှက်သွားသည်။ နေစေး က ခွန်စိုင်းရဲ့ရှက်နေပုံလေးကိုကြည့်ပြီး ရင်ထဲကလိကလိဖြစ်နေလေရဲ့။ ပြီးနောက်..

" ဒီနေရာက လုံဝမ်ရွာထပ်တိတ်ဆိတ်တယ် ပြီးတော့ နည်းနည်းပိုခေါင်တယ် ခင်ဗျားနေရတာမသက်သာတာရှိရင်ကျုပ်ကိုပြောဖို့မမေ့နဲ့ ဟုတ်ပြီလား "

" အွန်း ကိုယ်အဆင်ပြေပါတယ်။ ဒီနေရာက...အင်း နည်းနည်းခေါင်ပြီးတိတ်ဆိတ်တာကလွဲလို့ပေါ့ "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now