Unicode
မနက်ခင်းတွင် အိမ်ရဲ့မီးဖိုချောင်မှာ ကြီးကြီးမြိုင်နဲ့ ဒေါ်နန်းတို့မနက်စာချက်ပြုတ်ပြင်ဆင်နေကြသည်။ ဒီနေ့မှာ အိမ်မှာဧည့်သည်ရှိတာကြောင့် မနက်စာကရိုးရှင်းမနေပဲ ပုံမှန်ထက်စုံအောင်ပြင်ဆင်ပေးနေကြသည်။ ကြီးကြီးမြိုင်က ဒီနေ့စိုက်ခင်းထဲသွားရမှာမို့ စျေးကို ဒေါ်နန်းအရင်သွားရမည်။
" အနန်း ကလေးတွေမနိုးသေးဘူးလား မနက်စာစားရအောင် ငါသွားနှိုးလိုက်ရမလား "
" နေ နေ မြိုင်..သူတို့မနေ့ကားတလျှောက်လုံးစီးလာခဲ့ရတာ ပင်ပန်းရောပေါ့ အိပ်ပါစေ။မနက်စာကတော့သူတို့နိုးလာတဲ့အချိန်မှပဲစားပါစေ "
" အဲ့တာလည်းဟုတ်ပါတယ်လေ "
ဒေါ်နန်းတို့စကားပြောနေတုန်းအပေါ်ကဆင်းလာတဲ့အသံကြားလိုက်ရသည်။ ဒေါ်နန်းနဲ့ကြီးကြီးမြိုင်က ခွန်စိုင်းလို့ထင်ပေမယ့် တကယ်တမ်းတော့..။
" အော် သားနေစေး နိုးပြီလား။ "
" ဟုတ်ကဲ့ အဒေါ် "
" အဒေါ်က သားတို့မနေ့ကကားစီးတာပင်ပန်းတော့ အိပ်ပါစေဆိုပြီးလာမနှိုးတော့တာ၊ သားငယ်ရော အိပ်နေတုန်းလား "
" သူအိပ်နေတုန်းပဲအဒေါ် "
နေစေးရဲ့အကျင့် မနက်ခင်းအလင်းသဲ့သဲ့မထွက်ခင်ပင်နိုးနေတတ်ပြီး နားသိပ်ပါးလွန်းတဲ့အပြင် အအိပ်ဆတ်သူတစ်ယောက်ဖြစ်သည်။ ဒါ့ကြောင့် သူအိပ်ရာနိုးတဲ့အချိန်မှာ အောက်ထပ်က ဒေါ်နန်းတို့စကားပြောသံကြားပြီး တကိုယ်ရည်သန့်ရှင်းမှု့လုပ်ကာအဝတ်စားလဲ၍ဆင်းလာခဲ့ခြင်းဖြစ်သည်။ နေစေး ဒီဒေသဟာသူ့နေရာမဟုတ်တာကြောင့် အားလုံးနဲ့လိုက်ရောညီထွေနေရန် ဂုတ်လောက်ထိရှည်နေတဲ့သူ့ဆံပင်တွေကိုသပ်သပ်ရပ်ရပ်စုစည်းကာ ကော်လံအကျီလက်ရှည်အပြာကိုဝတ်၍ ပုဆိုးနက်ပြာလေးကိုဝတ်ခဲ့သည်။
ဒေါ်နန်းသည် နေစေးရဲ့ဝတ်စားဆင်ယင်ပုံကိုကြည့်ကာရည်မွန်တဲ့ရုပ်ရည်ဟာ အပြုံးအရယ်မရှိတဲ့မျက်နှာကြောင့်ရုပ်တည်ကြီးနဲ့စကားပြောနေပေမယ့် သူ့အပေါ်မှာမလေးစားခြင်းမျိုးမတွေ့ရတာကြောင့် နေစေးရဲ့ကိုယ်ပိုင်နေထိုင်မှု့စနစ်ကိုမဝေဖန်ခဲ့ပေ။ ဒေါ်မြိုင်က နေစေးကိုကြည့်ပြီးအကဲခတ်နေတာကြောင့် ဒေါ်နန်းကမိတ်ဆက်ပေးသည်။
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။