[ Unicode ]
ခေါင်းရင်းပြတင်းတံခါးလောက်နေ တွန်နေတဲ့ ကြက်တစ်ကောင်ဟာ အမူးသမားလေးခွန်စိုင်းကိုနိုးစေမယ်လို့မထင်ထားပေ။ ဒီလိုမနက်ခင်းအချိန်မှာ နိုးစမြဲရှိတဲ့ ခွန်စိုင်းဟာ နောက်ကျိနေတဲ့ခေါင်းနဲ့အတူအိပ်ရာနိုးလာခဲ့သည်။
* ကျွတ် ကျွတ် ခေါင်းမူးလိုက်တာ၊ ငါဘယ်လိုလုပ်အိမ်ပြန်ရောက်လာတာလဲ? *
အရင်ဆုံး ခေါင်းထဲကမူးရိပ်ရိပ်ဖြစ်နေတာကြောင့် အိပ်ရာပေါ်ခဏမှိန်းနေပြီး မနေ့ညကအကြောင်းတွေဖြေးဖြေးချင်းပြန်စဥ်းစားကြည့်သည်။
မနေ့ညက ခွန်စိုင်း စိတ်ပေါက်ပေါက်နဲ့ခေါင်ရည်တွေသောက်မိတယ်၊ အဲ့ဒီ့နောက်မှာ..? တစ်စတစ်စနဲ့ပြန်မြင်ယောင်လာတဲ့အကြောင်းအရာတွေနဲ့အဖြစ်အပျက်တွေကြောင့် ခွန်စိုင်းမျက်လုံးပြူးကာ အိပ်ရာကဆတ်ခနဲ့ကောက်ထိုင်လိုက်သည်။
*သေပြီ..ငါ..ငါဘာတွေလျှောက်လုပ်မိတာလဲ?*
ခုနကအထိမူးရိပ်ရိပ်ဖြစ်နေတဲ့ခေါင်းက အခုတော့ တိုးဝင်လာတဲ့မှတ်ဉာဏ်မြင်ကွင်းတွေကြောင့် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရပြီ။အခုချိန်မှာ ခွန်စိုင်းတစ်ယောက် သူလုပ်လိုက်မိတဲ့အပြုအမှုအတွက်ရှက်လွန်းလို့ မျက်နှာတစ်ခုလုံးနီးရဲပြီးလက်နှစ်ဖက်ကခေါင်းပေါ်တင်ထားကာ တဖက်ကိုဘယ်လိုတောင်မျက်နှာပြရမလဲမသိတော့ချေ ။
* ဘုရားရေ..ငါဘာတွေလျှောက်လုပ်မိလိုက်တာလဲကွာ *
နေစေး ဟာ အနေအထိုင်အေးစက်ပြီးခက်ထန်တဲ့သဘောထားရှိသူတစ်ယောက်ဆိုပေမယ့် ခွန်စိုင်းအပေါ်ဆိုရင်နွေးထွေးပြီးဂရုစိုက်ပေးတယ်။ နေစေးရဲ့အဲ့လိုအပြုအမှုလေးတွေကြောင့် ခွန်စိုင်းက နေစေးအနားမှာရှိရင်လုံခြုံတယ်ခံစားရတယ်၊ ပထမတော့သဘောရိုးနဲ့သဘောကျမိပေမယ့် တစ်ရက်တစ်ရက်မှုမမှန်လာတဲ့နှလုံးသားကသစ္စာဖောက်သွားခဲ့ပြီ။ သို့သော် မနေ့ညကအနမ်းနဲ့ပက်သတ်ပြီး တုန့်ပြန်ခဲ့တဲ့ နေစေးကြောင့် ခွန်စိုင်းမှာအတွေးပေါင်းစုံနှင့်တွေးရခက်သည်။
အဲ့အနမ်းဟာ ခွန်စိုင်းအတွက်ပထမဦးဆုံးအနမ်းဖြစ်ခဲ့တဲ့အပြင် မူးနေသောကြောင့်ကိုယ်သဘောကျတဲ့လူနဲ့မို့အတင့်ရဲလိုက်မိသော်လည်း သူ့ဘက်ကရော? သူလဲမူးနေခဲ့တာကြောင့်ပဲလား?။ အဲ့လိုဆိုရင်တော့ ခွန်စိုင်းနည်းနည်းဝမ်းနည်းမိမယ်ထင်တယ်။
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။