အပိုင်း { ၃၉ }

27.2K 2.2K 57
                                    

Unicode.. ။

နောက်ရက်မှာ နေစေးတို့ရန်ကုန်သွားဖို့အတွက်အစစအရာရာပြင်ဆင်ထုတ်ပိုးကြသည်။ အထူးသဖြင့် ခွန်စိုင်းထက်ပင်နေစေးမှာ ထုတ်ပိုးစရာများ များပြားနေခဲ့သည်။ သူသည် ဘယ်နေရာရောက်ရောက် ယုံကြည်မှု့အပြည့်နှင့် ကြောက်ရွံ့စိတ်ဆိုတာရှာမတွေ့နိုင်တဲ့လူတစ်ယောက်ဆိုပေမယ့် အခုခရီးစဥ်မှာတော့ အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

ခွန်စိုင်းဟာ သူ့အပိုင်ဖြစ်ပြီဆိုသော်ငြား တဖက်က သူ့မိခင်သဘောမတူရင်စိတ်ဆင်းရဲစွာရှိမယ့် ချစ်ရသူကိုမတွေ့စေဖို့အရေး နေစေး အကောင်းဆုံးကြိုးစားဖို့ကိုယ့်ကိုကိုယ်သတိပေးနေခဲ့သည်။ ခွန်စိုင်းသည်သူ့အဝတ်တွေကိုသေချာစွာထုတ်ပိုးပေးနေတဲ့နေစေးကိုကြည့်ပြီးပြုံးနေမိသည်။

နေစေးတို့ အခန်းထဲမှာအိတ်တွေနဲ့ထုတ်ပိုးနေတုန်း ဇမ်မထီဟန်မြို့ကြီးကစျေးဝယ်ထွက်ပြီးပြန်ရောက်လာတဲ့ အဖ နှင့် ဒေါ်လေးတို့က နေစေးတို့ကိုလှမ်းခေါ်သည်။

" ဟုတ်ကဲ့ဒေါ်လေး "

" အေး လူလေး လာပါဦး ဒီမယ်ဒေါ်လေးဝယ်လာတာလေးတွေလာကြည့်လှည့်ဦး "

ခရီးရောက်မဆိုက်ခေါင်းပေါင်းကိုချွတ်ကာနှဖူးနားကချွေးစေးတစ်ချို့ကိုသုတ်၍အပြုံးများနဲ့ပြောလာတဲ့ဒေါ်လေးဟာ မောပမ်းနေပေမယ့်ပင်ပန်းပုံမပေါ်ပေ။
ဒေါ်လေးခေါ်တာကြောင့်ခွန်စိုင်း ဒေါ်လေးတို့အနားသွားကာ ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။အရောင်အသွေးစုံလင်စွာချိတ်ရောင်စုံများစွာ အထည်ပေါင်းမနည်းရှိနေပြီ ဒေသထွက်ရိုးရာအစားအသောက်တွေအပြင် အကျီ .. ထမိန်တွေကအစ အများကြီးဝယ်လာတာတွေ့လိုက်ရသည်။

ဒေါ်လေးအမော်က ခွန်စိုင်းကိုကြည့်ပြီးပြုံး၍ပင် အားတတ်သရောပြောလာသည်။

" ဘယ်လိုလဲ ဒေါ်လေးဝယ်လာတာလေးတွေလှရဲ့လား "

" အတော်လေးလှတယ် ဒေါ်လေး။ ဒီလိုချိတ်အထည်မျိုးက ကျွန်တော်တို့ရန်ကုန်မှာတောင်မတွေ့ဖူးဘူး။ "

" ဟုတ်တယ်လူလေးရဲ့ ဒီချိတ်လေးတွေက ရှမ်းပြည်ဘက်ကဒေါ်လေးအသိတွေဆီအထူးမှာထားတာလေ ဒီလိုပုံစံမျိုးတွေက အခုမှအသစ်ထုတ်တာရော် "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now