[ Unicode ]
နှစ်ရက်လောက်ထိ တောထဲမှာအတူတကွနေထိုင်ခဲ့ပြီးတဲ့နောက်မှာ ခွန်စိုင်းတို့ရွာကိုပြန်ဖို့ပြင်နေသည်။
တစ်ခါမှ မတွေ့ကြုံခဲ့ဖူးတဲ့ အမဲလိုက်ကွင်းဖြစ်တဲ့ ဒီတောထဲမှာ ချစ်ရတဲ့တစ်စုံတစ်ယောက်နဲ့အတူဖြတ်သန်းခဲ့တဲ့နေ့ရက်က အရာရာအဆင်ပြေချော့မွေ့နေတယ်မဆိုသော်ငြားလည်း တတ်နိုင်သမျှခက်ခဲခြင်းမရှိအောင် ချစ်ရသူကစီစဥ်ပေးသည်။ ဒါ့အပြင် ထိုနှစ်ရက်အတွင်းမှာပဲ ရှက်ဖို့ကောင်းစွာ အထိမခံနိုင်ခဲ့တဲ့ ခွန်စိုင်းရဲ့ ခရေတွင်းလေးဟာလည်း နေစေး ခူးယူပြီးလိမ်းပေးတဲ့အကျိုးဆက်အနေနဲ့ ပျောက်ကင်းသွားခဲ့သည်။ အကျိုးဆက်အနေနဲ့ကတော့ ခွန်စိုင်းက နေစေးကိုမျက်နှာပူနေဆဲပဲ။
ခွန်စိုင်းအတွက် ဘဝရဲ့မေ့ဖျောက်လို့မရတဲ့အမှတ်တရတစ်ချို့ကျန်နေတဲ့ ဒီတော နဲ့ ဒီအိမ်ငယ်လေးကို ခွဲရမှာမို့ ခွန်စိုင်းနည်းနည်းဝမ်းနည်းမိသည်။
" စိုင်းဟွမ်..ပြီးပြီလား? "
နူးညံ့ပြီးအချစ်တွေပြည့်နှက်စွာပြောလာတဲ့စကားအပြီး ခွန်စိုင်းနောက်ကျောကနေသိုင်းဖက်လာတဲ့ သူ့ကြောင့် နီးကပ်သွားတဲ့ရင်ခွင်တစ်စုံဟာနွေးထွေးလှပါ၏။
" မင်းရော သိမ်းစရာရှိတာတွေပြီးပြီလား "
" ထွေထွေထူးထူးမှ သိမ်းစရာမလိုတာပဲရော်.."
" အင်း.."
ပြန်တိတ်ဆိတ်သွားတဲ့ ခွန်စိုင်းရဲ့မျက်နှာလေးကနွမ်းလျှနေသည်။ သစ်ပင်ပေါ်မှာဆောက်ထားတဲ့ဒီအိမ်ငယ်လေးရဲ့ပြတင်းတံခါးလေးမှာ နှစ်ဦးသားမတ်တတ်ရပ်လို့ ခွန်စိုင်းဟာ အဝေးဆီကအလှတရားကိုကြည့်နေသော်လည်း နေစေးကြည့်တဲ့အလှတရားကတော့ ခွန်စိုင်းမျက်နှာလေးပင်။
" ခင်ဗျားဝမ်းနည်းနေတာလား? "
လည်တိုင်လေးသို့ဖွဖွနမ်းကာ မေးသည်။
" ကိုယ့်အတွက် မင်းနဲ့အတူရှိနေတဲ့နေရာတိုင်းကတန်ဖိုးရှိတဲ့ အမှတ်တရတွေနဲ့လေ၊ ဝမ်းနည်းလားဆိုတော့.. အင်း ဒီနေရာလေးမှာအကြာကြီးမနေရတော့ နည်းနည်းဝမ်းနည်းမိတယ် "
YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။