အပိုင်း { ၁၇ }

44.7K 3.6K 685
                                    

                           [ Unicode]

နော်အဲလာ နှင့် ခမ်းကျောက်သည် နေစေးတို့ကိုတွေ့တာနှင့်နွားလှည်းရပ်စေကာစောင့်နေတာကိုတွေ့လိုက်တာကြောင့် နေစေးခါးကိုဖက်ထားတဲ့ ခွန်စိုင်းလက်တွေကိုပြန်ရုတ်သိမ်းလိုက်သည်။

"......"

နေစေးသည် သူ့ခါးပေါ်ကလက်တွေကိုဖယ်ထုတ်သွားတဲ့ ခွန်စိုင်းကြောင့်မျက်​မှောင်ကျုံ့ကာအလိုမကျ​ဖြစ်သွား​ပြီး အရှေ့ဆီကြည့်လိုက်တော့ လမ်းနံဘေးမှာ လှည်းရပ်ကာစောင့်နေတဲ့ခမ်းကျောက်နဲ့နော်အဲလာကိုတွေ့လိုက်သည်။

" အကို.."

​မြင်းကိုမရပ်ချင်သော်လည်း သူ့အားနှုတ်ဆက်လာတဲ့ နော်အဲလာကြောင့် နေစေးမြင်းရပ်ကာ ခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်။

" ကိုစိုင်း နေကောင်းသွားပြီလား "

" ဟုတ်ကဲ့ကိုခမ်းကျောက် သက်သာသွားပါပြီ "

နော်အဲလာက နေစေး ကိုဦးစွာနှုတ်ဆက်သော်လည်း ​နေ​စေးကိုကျော်ပြီး ခွန်စိုင်းကို​ပြုံးကာနှုတ်ဆက်လိုက်တဲ့ခမ်းကျောက်ကို နေစေးအကြည့်စူးစူးတစ်ချက်ပေးလိုက်သည်။ နေစေးရဲ့ခက်ထန်တဲ့အကြည့်စူးစူးတွေဟာ ခမ်းကျောက်ဆီကိုမြှားတစ်စင်းလိုရှိနေပေမယ့် ခမ်းကျောက်ကလစ်လျှူရှုနေ၏။ နော်အဲလာကတော့ ပြောင်ပြောင်တင်းတင်းပင် နေစေးအပေါ်ချစ်ခင်မှု့ကိုဖုံးကွယ်မထားတဲ့မျက်ဝန်းတွေနဲ့မျက်တောင်မခတ်ကြည့်နေရင်းမှ ခွန်စိုင်းကိုခေါင်းညှိမ့်နှုတ်ဆက်သည်။

" အကိုတို့နဲ့တွေ့တာ တိုက်ဆိုင်လိုက်တာ ညီမငယ်တို့ကအခုမြို့ကြီးဆီစျေးဝယ်သွားကြမလို့။ အပြန် အကို့ဆီဝင်လည်ရင်းဖိတ်မလို့ရော် "

" ကျုပ်တို့ကမြောက်ဘက်သွားမလို့..အိမ်မယ် ဒေါ်လေးတို့ရှိတယ်.."

" အော် ဟုတ်လား၊ မြောက်ဘက်ထိဆိုတော့ ကြည့်ရတာ ကိစ္စအရေးကြီးကိစ္စများလားအကို "

စပ်စုစွာမေးလာတဲ့သူမကို နေစေးဖြေရမှာပျင်းသည်။ နေစေးမျက်နှာပျက်နေတာမြင်တော့ ကြားထဲကခွန်စိုင်းကဝင်ဖြေပေးသည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now