"5"

40.3K 3.4K 263
                                    

Unicode

"ရှူး တိုးတိုး ဟိုမှာBossလာနေပြီ"

ဓာတ်လှေကားထဲမှ ထွက်ပေါ်လာသောအရိပ်ကြောင့် စုဝေး၍ စကားစမြည်ပြောနေကြသော ဝန်ထမ်းမိန်းမပျိုလေးများက အချင်းချင်း မျက်နှာရိပ်မျက်နှာကဲပြလိုက်ကြသည်။

နက်ပြာရောင်suitနှင့် စမတ်ကျလိုက်ဖက်လွန်းနေသော သူတို့CEOက ငယ်ရွယ်ချောမောခြင်းဟူသော စကားလုံးတို့ကို အနက်အဓိပ္ပာယ်ဖွင့်ပေးနေသည့်နှယ်။ ရှင်းသန့်နေသည့် ကုတ်အင်္ကျီလက်အောက်က 'Hulk' model Rolexနာရီကလည်း ဝါဝင်းသော အသားအရေပေါ်တွင် တင့်တယ်စွာမာန်ဝင့်လို့နေ၏။

ကြီးမားရှည်သွယ်သော လက်ချောင်းတို့က အထက်တန်းကျခြင်းနှင့် စည်းစနစ်ကျခြင်းတို့ကို တစ်စွန်းတစ်စ ဖွင့်ဟဖော်ကျူးလျက်။ လက်ဖျံမှ ထောင်ထနေသည့် အကြောစိမ်းမြမြတို့ကိုတော့ တစ်ခါတစ်ရံမှသာ မြင်ခွင့်ရကြရသည်။

"အိုမိုနား ငါ့နှလုံးသားလေး"

မျက်နှာလေးကိုရှုံ့မဲ့ရင်း ရင်ဘတ်ကိုဖိကာဆိုလာသော Accountantကောင်မလေးကို Financial Managerအစ်မက မျက်စောင်းလှမ်းထိုးသည်။

"ညည်းနှလုံးသားက CEOကိုမြင်တိုင်း အရေးပေါ်ခန်းရောက်နေတာပဲလား"

ကျန်သောသူများက ဝါးခနဲရယ်ကြ၏။ မန်နေဂျာအစ်မက အပျိုကြီးပီပီ ကြာတော့ မျက်စိနောက်လာပုံပါပင်။

"Bossက perfectဖြစ်လွန်းနေတာကိုး"

ဒီစကားကိုတော့ မည်သူမျှမငြင်းဆန်နိုင်ကြ။ နိုင်ငံခြားမှပြန်ရောက်လာပြီး ချက်ချင်းလက်ငင်းပင် လွဲပြောင်းယူလိုက်သော ဆောက်လုပ်ရေးကုမ္ပဏီကြီးသည် စတင်ပြီးအချိန်တိုအတွင်းမှာပင် တစ်ရှိန်ထိုးနာမည်ရလာခြင်းက လူအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။

အလုပ်လုပ်ရာ၌ တိကျသေသပ်ပြီး အပြောနှင့်အလုပ် ညီလှသောကြောင့် 'ဘုန်းတည်မြဲစေရာ'ဟုဆိုလိုက်လျှင် အားလုံးက ခေါင်းညိတ်ကြရသည်ချည်း။ ဝါရင့်စီးပွားရေးလုပ်ငန်းရှင်များ၏ နှုတ်ဖျားတွင်ပင် ငယ်ရွယ်ထက်မြက်သော CEOပေါက်စလေးက ရေပန်းစားနေပြီဖြစ်သည်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now