"40"

29.6K 2.1K 31
                                    

Unicode

တစ်နေရာသို့ ခပ်လောလောသွားနေကြသော မိန်းကလေးသုံးယောက်။

အပြေးတစ်ပိုင်းဖြစ်နေသောခြေလှမ်းတို့ကြောင့် ဝတ်ဆင်ထားသော duty coatအဖြူလေးများ၏ အောက်ပိုင်းအဖျားအနားများက လှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြသည်။

မကြာပါ။ သွက်လက်မြန်ဆန်သောလှုပ်ရှားမှုတို့ကြောင့် ခဏတွင်းချင်းမှာပင် အဓိကဦးတည်ရာနေရာသို့ ရောက်ရှိသွားတော့၏။ လွတ်နေသောထိုင်ခုံနေရာကို မျက်စိလျင်လျင်ဖြင့်ရှာဖွေကာ တွေ့သည်နှင့် ခပ်မြန်မြန်ပင် ထိုင်ချလိုက်ကြသည်။

ဆိတ်ငြိမ်နေသော ခန်းမကျယ်ကြီးထဲတွင် ထွက်ပေါ်လာသောလှုပ်ရှားသံအချို့ကြောင့် မူလအစကတည်းက ရောက်နှင့်ထားပြီးဖြစ်ကြသော အခြားဆရာဝန်၊ ဆရာဝန်လောင်းများ၏အကြည့်တို့က အနှီလှုပ်ရှားသံများထွက်ပေါ်လာရာ၏ဇစ်မြစ်ဖြစ်သော ဆရာဝန်အလောင်းအလျာ မိန်းမငယ်လေးသုံးဦးထံ တစုတစည်းတည်း ရောက်ရှိလာကြသည်။

"မိဆွေမ အဲဒါနင့်ကြောင့်..နောက်ကျတော့ သူများတွေဝိုင်းကြည့်ကုန်ပြီတွေ့လား..ရှက်လိုက်တာ Chee"

သုံးယောက်အနက် အလယ်နေရာတွင်ထိုင်နေသောမိန်းမပျိုက ညာဘက်သို့ မျက်နှာလှည့်လိုက်ကာ သူငယ်ချင်းဖြစ်သူအား တိုးတိုးကျိတ်ကျိတ်အပြစ်ဆို၏။

"ဘာငါ့ကြောင့်လဲ နင်တို့လည်း စားတာပဲက်ို"

"အဲဒါ နင့်ကိုစောင့်ရင်းနဲ့ မထူးတော့ဘူးဆိုပြီး ဝင်စားလိုက်တာလေ..၈နာရီကတည်းက သွားဖို့ပြောနေတာကို ဇိမ်ဆွဲပြီး မုန့်မှာစားလိုက်တာ ဘယ်သူလဲ"

"တိတ်တော့ဟာ..အခုအချိန်မီရောက်လာရင် ပြီးတာပဲမဟုတ်လား..ပွစိပွစိလုပ်မနေနဲ့တော့..ဘောပင်ပါလား ငှားအုံး"

"မငှားဘူး"

မတည့်အတူနေ မမြင်လျှင်ချောင်းကြည့် သူငယ်ချင်းနှစ်ယောက်ကိုကြည့်ရင်း ဘယ်ဘက်အစွန်ဆုံးတွင်ထိုင်နေသည့်မိန်းကလေးက စိတ်ကုန်ဟန်ဖြင့်ခေါင်းယမ်းသည်။

"ဟဲ့ ငှားအုံးလို့..ဘောပင်မပါရင် ဘာနဲ့လိုက်မှတ်ရမှာလဲ ငါက"

GreenHead {ခေါင်းစိမ်း}Where stories live. Discover now