"41" [ Epilogue ]

50.8K 2.5K 128
                                    

Unicode

မျက်နှာထက် ရိုက်ခတ်လာသော ပူနွေးနွေးအထိအတွေ့ကြောင့် အနေရခက်စွာ မျက်လွှာတို့ တဖြည်းဖြည်းချင်း ပွင့်ဟလာရသည်။ အရင်းအမြစ်ကို စူးစမ်းရှာဖွေကြည့်မိတော့ အနည်းငယ်ဟနေသည့် လိုက်ကာတို့အကြားမှ တစ်စွန်းတစ်စမြင်နေရသော နေရောင်စူးစူး။ တစ်ချက်သမ်းဝေလိုက်ပြီး လှဲအိပ်နေရာမှ ထထိုင်လိုက်ကာ မလှမ်းမကမ်းတွင်တင်ထားသော စားပွဲတင်နာရီလေးဆီ အကြည့်ရောက်သည်။ အင်း သူဒီနေ့ အကြာကြီးအိပ်မိသွားသည်ပဲ။

နေ့လယ်ပိုင်းလောက်အထိ duty-offသည်မို့ အိပ်ရာထနောက်ကျခြင်းက ကိစ္စမရှိ။ ကိုယ်လက်သန့်စင်ခြင်းအမှုကို လောလောလျှင်လျှင်လုပ်ဆောင်ပြီးသည့်နောက် ဟာနေသောဝမ်းဗိုက်ကြောင့် အောက်ထပ်သို့ အလျင်အမြန်ဆင်းရန်ပြင်ရတော့သည်။

"ဟေ့ကောင် မင်းကို အဲဒါသောက်လိုက်လို့ပြောနေတယ်လေ"

ထမင်းစားခန်းထဲသို့ မရောက်မီမှာပင် အပြင်ဘက်အထိ ဟိန်းထွက်လာသော မွေးသဖခင်၏ ဒေါသတကြီးအော်သံ။

"အဲဒါကြီး မသောက်ချင်ပါဘူးဆိုဖေဖေရာ"

"မင်းငါ့ကို ဖေဖေလို့မခေါ်နဲ့"

"ကိုကို ပြောအုံး"

ကိုယ့်ထက်နှစ်နှစ်နီးပါးငယ်သည့် ယောက်ဖလေး၏ စိတ်ပျက်လက်ပျက်ညည်းညူသံနှင့်အတူ ကိုကြီးထံတိုင်တည်သံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။

"ဟုတ်သားပဲအဖေရယ် ရာရာကအဖေ့ကို အဖေလို့မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ"

"တိတ်စမ်း ခုမှ မင်းလင်ဘက်လိုက်မနေနဲ့..ငါမွေးလို့ လူဖြစ်လာတဲ့ကောင်ကများ"

"ဟိုလေ မွေးတာက အမေမဟုတ်ဘူးလားဖေဖေ"

"တယ် ဒီကောင်.."

နံနက်စာလက်ဖက်ရည်ဝိုင်းဟာ နေ့စဉ်နေ့တိုင်း ဤသို့နှယ် စိုစိုပြည်ပြည်။ ဦးဆက်မိုမှာ သမက်ဖြစ်သူနှင့် မျက်နှာချင်းပင် ဆိုင်၍မရသော်ငြား သားဖြစ်သူအားလည်း ခပ်လည်လည်ခပ်ငယ်ငယ်ခင်ပွန်းလေးဆီ စိတ်ချလက်ချ မထည့်လိုက်နိုင်ခဲ့ပါ။

"သားငယ် နိုးလာပြီလား လာ ထိုင်"

အားလုံးကိုပြုံးပြလိုက်ပြီး လစ်လပ်နေသော ညာဘက်ခြမ်းနေရာတွင် ထိုင်ခုံကိုဆွဲထုတ်ကာ ဝင်ထိုင်လိုက်သည်။

GreenHead {ခေါင်းစိမ်း}Donde viven las historias. Descúbrelo ahora