"8"

36.2K 3K 189
                                    

Unicode

လေတစ်ချက်အဝှေ့တွင် ပိတောက်ပန်းခိုင်တို့တွင် ခိုတွယ်နေကြသော ရေစက်ကလေးများက မြေပြင်ထက်သို့ တဖွားဖွားသက်ဆင်းလာကြသည်။ မွှေးပျံ့သော ပိတောက်ပန်းရနံ့က နှာဝကို ညင်သာစွာ လာရောက်ကလူကျီစယ်တော့ ရင်ထဲအေးခနဲ။ မိုရှင်းနိုတို့အိမ်ရှေ့က ပိတောက်ပင်ကြီးတောင် အပွင့်အခက်တို့ ငွားငွားစွင့်စွင့်ဖြင့် ပွင့်ခဲ့ပါလေပြီ။

ဧပြီ ၁ရက်နေ့သာရှိသေးသော်လည်း ပိတောက်တို့ကတော့ စောစီးစွာပွင့်လန်း၍ နှစ်သစ်ကို ခရီးဦးကြိုပြုနေကြပြီဖြစ်သည်။ မိုးလေး တစ်ဖြောက်နှစ်ဖြောက်ရွာလိုက်လျှင်ပင် ကြွေလွင့်သွားကြသော ပွင့်ဖတ်တို့ကတော့ ဤမျှနူးညံ့ရလေသလောဟု အပြစ်ဆိုဖွယ်ရာရှိပေသည်။

"ခေါင်းစိမ်း"

ကျောက်စိမ်းလို အေးမြကြည်လင်သော အသံလေးက သူ့အတွက်တော့ ဘဝနေဝင်ချိန်တွေအထိ ဖမ်းဆုပ်ထားခွင့်ရချင်သည့် ထာဝရဆည်းလည်းသံကလေး။

"မင်းက ဘာလို့ဒီလောက်ကြည့်ကောင်းနေရတာလဲ"

အနားရောက်လာသော အချစ်ကလေးက သူ့ကိုယ်ကို အထက်အောက် စုန်ချည်ဆန်ချည်ကြည့်ပြီး နှာခေါင်းလေးရှုံ့သည်။ ဒီတိုင်းနေလျှင်တောင် ချစ်မဝသည့် သူ့လိုလူအဖို့ ထိုအပြုအမူလေးကပင် အသည်းကျွမ်းဖွယ်။

"ကြည့်ကောင်းနေတော့ မကြိုက်ဘူးလား"

ချစ်စရာမျက်နှာလေးကို စိုက်ကြည့်ရင်း မေးမိတော့ မျက်နှာလေးလွှဲသွားသည်။မျက်လုံးဝိုင်းဝိုင်းလေးတွေက ဂနာမငြိမ်စွာ ဟိုကြည့်ဒီကြည့်။

"မကြိုက်ပါဘူး..မင်းက ငါ့ထက် ကြည့်ကောင်းနေတာကြီးကို"

"အဟက်"

ကိုယ်ကိုပြန်မတ်လိုက်ပြီး ဘောင်းဘီအိတ်တွေထဲ လက်တွေထည့်လိုက်သည်။ ပေါ့ပေါ့ပါးပါးသာဝတ်လိုသည့်အတွက် ရွေးချယ်ခဲ့သော စိမ်းပုပ်ရောင် Sleeves shirtနှင့် အနက်ရောင် Chino pantက ချစ်ရသူလေးအတွက် မျက်စိစူးစရာများ ဖြစ်သွားလေရော့သလား။

"ရှင်းနို"

"အင်"

"ကိုယ့်ကိုယ်ကိုယ် အရမ်းကြည့်ကောင်းနေတယ်ဆိုတာကိုရော သိသလား"

GreenHead {ခေါင်းစိမ်း}Where stories live. Discover now