"33"

30K 2.3K 211
                                    

Unicode

"Royal Dတစ်ဘူးပေးပါ"

ခပ်ကျဥ်းကျဥ်းအိမ်ဆိုင်ငယ်လေးထဲမှ ကလေးတစ်ယောက် အလျင်အမြန်ပြေးထွက်လာပြီး အေးကိုက်နေသောအအေးဘူးကို လက်နှစ်ဖက်နှင့် အသေအချာကမ်းပေးသည်။

"ပိုတာပြန်မအမ်းနဲ့တော့"

ကောင်လေး၏အင်္ကျီအိတ်ကပ်ထဲ တစ်ထောင်တန်တစ်ရွက်ကို ထိုးထည့်ပေးလိုက်ပြီး ပြုံးဖြီးသွားသောမျက်နှာလေးကိုအသည်းယားစွာ ခေါင်းကို လက်နှင့်ဆွဲဖွလိုက်သည်။ ထို့နောက် ဆိုင်ငယ်လေးကိုကျောခိုင်း၍ ခလုတ်ကန်သင်းများဖြင့် မညီမညာဖြစ်နေသော လမ်းကြားသေးသေးလေးထဲသို့ ဖြည်းဖြည်းချင်းလမ်းလျှောက်ဝင်ခဲ့၏။

"အိုးဟို...ဒါဘယ်သူလဲ..ငါတို့ရဲ့တစ်မိုးအောက်တစ်ယောက် စေထင်ရာစိုင်းကြီးမဟုတ်လား"

ခပ်ထေ့ထေ့အပြောက နားထဲစူးခနဲ။ မျက်စိကိုမှေးပစ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည့်လူတစ်စုကြောင့် ဟက်ခနဲဖြစ်သွားသည်။ နာမည်ကြီးခဲ့သည့် ကျောင်းတော်က ရန်စတွေပါလား။

"အုပ်စုတွေဘာတွေနဲ့ပါလား..ဘာလဲ တစ်ပွဲတစ်လမ်းလောက်စမ်းချင်သေးလို့လား"

"အိုး ဒီလိုဆို ငါတို့ကအနိုင်ကျင့်သလိုဖြစ်နေမှာပေါ့ ကျွတ်စ် ကျွတ်စ်"

နှုတ်ခမ်းစွန်းတစ်ဖက် အပေါ်မြောက်တက်သွားသည်အထိ ရွဲ့ပြုံးပြုံးလိုက်ပြီး လက်ထဲက တစ်ဝက်ခန့်ကျန်နေသေးသည့်အအေးဘူးကို လှုပ်ခါကြည့်လိုက်သည်။

"နိုင်အောင်ပဲ ×င်ကုန်းပြီးဆုတောင်းနေလိုက်စမ်းပါအုံး"

လျှပ်စီးလက်သလို ပစ်ပေါက်လိုက်သည့်အအေးဘူးက အလင်း၏အရှိန်နှုန်းဖြင့် အလယ်တည့်တည့်တွင်ရပ်နေသောသူထံ ဝှီးခနဲ။ 'ဒုတ်'ဟူသောအသံကျယ်ကျယ်ကို ကြားလိုက်ရပြီးနောက်တွင် အအေးဘူးဖြင့်မိတ်ဆက်ခံလိုက်ရသည့်သူက နောက်သို့အနည်းငယ်ယိုင်ကျသွားသည်။

"ဟေ့ကောင်တွေ ချကြ"

နားအနီးမှ ဝှီးခနဲ ဝှီးခနဲချော်ထွက်သွားသည့် လက်သီးတွေ။ တတ်နိုင်သမျှရှောင်တိမ်းနေရင်း အနားကပ်လာသည့်ကောင်တွေကို အပီအပြင်ဖြုတ်ရသည်။ ကြောက်ရွံ့ခြင်းကတော့ စိုးစဉ်းမျှရှိမနေ။ သူ့လက်စ,လက်နကို သူယုံသည်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now