"28"

29.7K 2.2K 59
                                    

Unicode

နေခြည်နွေးနွေးက ဆေးရုံဝရန်တာပေါ် ရွဲ့စောင်းစောင်းဖြာကျလို့နေသည်။ အနီးတွင် အတိုင်းသားမြင်နေရသော သစ်ရွက်ကလေးတွေက လှုပ်လီလှုပ်လဲ့။ ခပ်နှေးနှေးလျှောက်လာရင်း တစ်ချိန်လုံးပြုံးနေမိသောသူ့ကို ဖြတ်သွားဖြတ်လာများက ပြုံးစိစိကြည့်သွားကြသည်။

စိတ်ကြည်ရွှင်နေမှုက ယမန်နေ့ညက မမြရိပ်နှင့် ပုံမှန်ထက်ကြာရှည်စွာ ဖုန်းပြောခဲ့ရခြင်းကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် ယနေ့နံနက်စောစောက ခေါင်းစိမ်းလာပို့သော ကြက်ဥပူတင်းများကြောင့်လည်းဖြစ်နိုင်၏။

"ဟေး ဘရို"

မောမောပန်းပန်းအသံနှင့်အတူ နောက်ကျောဘက်ဆီမှ ပခုံးချင်းအတိုက်ခံလိုက်ရမှုကြောင့် ခန္ဓာကိုယ်က အနည်းငယ်ဟန်ချက်ပျက်သွားသည်။

"ချီး,မလို့ ဒီလောက်အလျင်လိုနေတာလား"

ဟန်နှိုင်းက ပြောင်စပ်စပ်နှင့် မျက်လုံးပြူးပြသည်။ ရုပ်ခံလေးသာရှိမနေလျှင် ဒီငနဲသားဟာ ဆရာဝန်ဟုပင် ထင်ရက်စရာအကြောင်းမရှိ။

"အမယ် မယ် မယ် ပြုံးနေတာ ပြုံးနေတာကြည့်စမ်း..ငါကြည့်နေတဲ့တစ်လျှောက်လုံး မင်းတောက်လျှောက်ကိုပြုံးနေတာ..မှန်မှန်ပြောစမ်း ဒီကရုပ်ချောချောနဲ့သခင်ကြီးမသိအောင် မင်းဘာကိစ္စတွေများလုပ်ထားသေးလဲ"

"မလုပ်ပါဘူး ဘာကိုလုပ်ရမှာလဲ"

"ငှယ် ငှယ် ငှယ် တစ်စုံတစ်ယောက်ကတော့ တအားတွေလျှို့ဝှက်နေတာပဲ"

မျက်နှာကြီးအနားကပ်လာကာ စူးစူးစမ်းစမ်းလာလုပ်နေသော ငမွှေထိုး၏နဖူးကို လက်ညှိုးနှင့်တွန်းလွှတ်လိုက်တော့ မူယာမာယာပိုစွာ တအားအားအော်၏။ နှစ်ယောက်စလုံး၏ရယ်မောသံများက ဆေးရုံကော်ရစ်တာလမ်းတစ်လျှောက် ပျံ့နှံ့သွားသည်။

"မိုရှင်းနို"

အနီးသို့ရောက်လာသော ဒေါက်တာဦးဝေဇော်က အလျင်စလိုဖြစ်နေဟန်ပင်။ ခပ်မြန်မြန်လျှောက်နေသောခြေလှမ်းတို့ကို ခဏအရှိန်လျှော့ကာ သူတို့ဘေးနားတွင်ရပ်သည်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now