"25"

29.9K 2.5K 130
                                    

Unicode

နီစွေးစွေးမျက်နှာလေးထက်မှာ မျက်ရည်တွေအပြည့်။ ဆေးအရှိန်ကြောင့် မျက်နှာလေးသာမက တစ်ကိုယ်လုံးပါနီရဲတွတ်လာသော လူသားငယ်လေးဟာ နူးညံ့လွန်း၍ အာခံတွင်းထဲ ထည့်ငုံထားချင်စရာ။

ခါးလေးကိုရစ်သိုင်းဖက်တွယ်ကာ အနားရောက်အောင်ဆွဲယူလိုက်တော့ မျက်လုံးကလေးတွေ မှိတ်ကျသွားသည်။ အနားကပ်လာမှ သေချာရလိုက်သည့် သံပရာနံ့မွှေးမွှေး။ အမွှေးအိတ်ကလေးလည်း ပါလာတယ်ထင်ပါရဲ့။

မထူမပါးမျက်ခုံးတန်းလေးနှစ်ခုက ဝေဒနာကြောင့် အချင်းချင်းထိစပ်လုမတတ်။ သူ တရှိုက်မက်မက်နမ်းချင်ခဲ့သည့် မျက်ဝန်းငယ်တို့ကတော့ ပြန်ပွင့်မလာတော့။ နီထွေးထွေးနှုတ်ခမ်းပါးတို့က မသိမသာတုန်ယင်လို့။ မျက်နှာလေးကိုမော့ကာ အံကြိတ်ထားပုံက သူဘာလုပ်လုပ် လက်သင့်ခံပေးတော့မည့်ဟန်။

ကိုယ်လေးကို ညင်ညင်သာသာထွေးဖက်ကာ ရေချိုးခန်းတံခါးကိုတွန်းဖွင့်လိုက်တော့ အံ့သြသွားဟန်ဖြင့် မျက်လုံးမှေးမှေးလေးတွေ ပွင့်ဟလာသည်။ အကြည့်တို့ဖြင့် မေးခွန်းထုတ်နေသော ကောင်ကလေးကို Bathtubထဲ အသာအယာချပေးလိုက်တော့ မရုန်း။ သူထားသလိုသာနေရှာရင်း ရီဝေဝေမျက်ဝန်းတို့ဖြင့် သူလုပ်သမျှကို လိုက်ကြည့်နေရှာသည်။

ဝတ်ထားသော ကုတ်အပါးလေးကိုချွတ်ပေးတော့ အလိုက်သင့်လေးနေပေးသည်။ ရင်ဘတ်ကလေးကတော့ နိမ့်ချည်မြင့်ချည်။ ပိုမိုနီရဲလာသော ပါးပြင်နုနုတို့က အရှက်တရားတို့၏ပြယုဂ်ပင်ဖြစ်တန်ရာ၏။ သူ့ကိုမကြည့်တော့ဘဲ နရံကိုသာငေးရင်း စိတ်ကိုပြင်ဆင်နေဟန်ရှိသည်။

သူဝတ်ထားသောcoatကို အမြန်ချွတ်လိုက်ပြီး ဘေစင်ရှိရာသို့သွားကာ coatတစ်ထည်လုံးကို ရေများရွှဲရွှဲစိုစေလိုက်သည်။ ထို့နောက် အားမထည့်ဘဲ တစ်ချက်နှစ်ချက်သာညှစ်၍ bathtubထဲမှ မိန်းမောနေသော အချစ်ကလေး၏ ခန္ဓာကိုယ်ထက် လွှမ်းခြုံပေးလိုက်သည်။

"ခေါင်းစိမ်း"

အင်္ကျီကိုသေချာခြုံပေးပြီးနောက် ပြန်ရုပ်တော့မည့်လက်တစ်ဖက်ကို အချစ်ကလေးက လှမ်းဆွဲသည်။ မျက်ဝန်းထဲတွင်တော့ ရှုပ်ထွေးနေသောခံစားချက်များနှင့် ယစ်မူးပျော်ဝင်ချင်စဖွယ် လိုအင်ဆန္ဒအချို့။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now