"16"

31.6K 2.5K 79
                                    

Unicode

"မြေအနေအထားအရ ကန့်လန့်ထက် ဘေးတစောင်းက ပိုအဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်"

ထင်တယ်တောင် မဟုတ်။ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသူများအားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်ခြင်းဖြစ်သည်။

တည်တံ့နေသည့် မျက်နှာထားနှင့်အတူ တည်ငြိမ်လွန်းလှသည့် အသံခပ်အေးအေးက သူ့ယူဆချက်ကို အပြည့်အဝယုံကြည်မှုရှိကြောင်း ပေါ်လွင်နေသည်။ အထွန့်တက်နိုင်သူမရှိဘဲ အားလုံးကို ငြိမ်ကျသွားစေသည်က ထိုလူငယ်၏ လွှမ်းမိုးနိုင်သော သြဇာတိက္ကမ။

အစည်းအဝေးခန်းမ၏ ဗဟိုတစ်နေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသော ဦးစိန်လုံ၏ နှုတ်ခမ်းဖျားတို့က သိသာစွာ ကွေးညွှတ်သွားသည်။

"Subcontractors၊ Architect နဲ့ Designerတွေ ငှားရမ်းဖို့အတွက်လည်း ကျွန်တော်တို့ လျာထားပြီးဖြစ်ပါတယ်..ဒါ့အပြင် ကျွမ်းကျင်အဆင့် engineerတွေကိုယ်တိုင်ဦးစီးပြီး ဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် တိုက်သားကြံ့ခိုင်မှုအပိုင်းမှာ လုံးဝစိတ်ပူဖို့မလိုပါဘူး"

အားလုံး၏အကြည့်တို့က meetingကို ဦးဆောင်နေသော ချောမောခန့်ညားလှသည့် အမျိုးသားထံတွင် စူးစူးစိုက်စိုက်။ ရှင်းလင်းချက်များအား သဘောကျနှစ်ခြိုက်ကြောင်းကိုမူ မျက်လုံးတို့ကို တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သဘောပေါက်နိုင်ပေသည်။

"ဒီprojectရဲ့ အစိတ်အပိုင်းအားလုံးကို သေသေချာချာ စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပြီး ဆောက်လုပ်ဆဲအနေအထားမှာဖြစ်စေ၊ အာမခံနှစ်တွေအတွင်းမှာဖြစ်စေ ကျွန်တော်တို့တာဝန်ယူထားတဲ့အပိုင်းနဲ့ပတ်သက်လို့ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင်လည်း အစကနေ အဆုံးအထိ တာဝန်ယူပေးသွားမှာပါ"

တည်ကြည်ခိုင်မာသည့် စကားသံက meetingခန်းထဲရှိ လူအားလုံးကို ခေါင်းတညိတ်ညိတ်ဖြစ်စေသည်။ ဦးစိန်လုံကိုယ်တိုင်ပင် ခေါင်းမညိတ်ဘဲမနေနိုင်။ နှုတ်ခမ်းထက် ချိတ်ဆွဲထားသော အပြုံးတို့က ပိုမိုထင်ရှားလာသည်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now