"12"

33.8K 2.8K 111
                                    

Unicode

"ခေါင်းစိမ်း"

ခေါ်သံကြောင့် ဘေးကိုစောင်းငဲ့ကြည့်လိုက်တော့ သူ့ကို ဘယ်အချိန်ကတည်းက စိုက်ကြည့်နေမှန်းမသိသည့် အချစ်ကလေး၏ မျက်ဝန်းနက်နက်တို့နှင့် သွားဆုံသည်။

"မင်း အရမ်းကြည့်ကောင်းအောင် မဝတ်လို့မရဘူးလား"

တစ်ချက်ပြုံးလိုက်မိပါ၏။

ကလေးဆန်ဆန်အမေးစကားပင်ဖြစ်လင့်ကစား မေးသူက မိုရှင်းနိုဖြစ်နေခြင်းကပင် တစ်မျိုးတစ်ဖုံ ချစ်ဖို့ကောင်းနေပြီဖြစ်သည်။

"အင်း"

အချစ်ကလေး၏မျက်နှာက ဝင်းပသွားပြီး စိတ်အားထက်သန်စွာဖြင့် သူရှိရာဘက်လှည့်ထိုင်သည်။

"Dinnerတွေ partyတွေ သွားတက်ရတဲ့အခါမျိုးတွေမှာရောလား"

"အင်း"

ကျေနပ်သွားဟန်ရှိသောမျက်နှာပေးလေးက သူ့ရင်ကိုပါ အပူငြိမ်းစေ၏။

"ငါဘာပြောပြော မင်းက အင်း နေတာပဲ"

မျက်နှာလေးကြည်လျက်ရှိရာမှ ရုတ်တရက် မျက်ခုံးတို့တွန့်ချိုးလာသည်ကြောင့် ကားမောင်းနေသည့်အရှိန်ကို လျှော့ချလိုက်ကာ ဘေးက ရွှေစိတ်တော်ညိုနေသည့် အချစ်ကလေးထံ အကြည့်ပို့ရသည်။

မျက်ဝန်းတွေဆီ တစ်ချက်ကြည့်လိုက်သည်နှင့် တန်းခနဲတွေ့လိုက်ရသည်က မယုံသင်္ကာဖြစ်ရခြင်းတွေ။

နောက်တစ်ကြိမ်ပြုံးလိုက်မိခြင်းနှင့်အတူ ကားစတီယာရင်ကိုင်ထားသော လက်သွယ်သွယ်တို့ကပါ အချစ်ကလေး၏ ဦးခေါင်းထက်သို့ ဦးတည်သွားရသည်။ ဖွဖွလေးပုတ်မည်ကြံလိုက်ပြီးမှ လက်ကိုအသာပြန်ချလိုက်သည်။ Relationshipတစ်ခုကိုဦးဆောင်နေပြီဖြစ်သည့် ထိုအမျိုးသားလေးကို ထပ်ပြီး စိတ်အလိုမကျမဖြစ်စေချင်ပါ။

"ငါ့ကိုမယုံဘူးလားရှင်းနို"

"...."

"ငါမင်းကို 'အင်း'လို့ပြောထားပြီး ကတိမတည်တာမျိုး ဘယ်တုန်းကရှိခဲ့ဖူးလို့လဲ"

"ဒါပေမဲ့ မင်းကအမြဲအဲလိုပဲပြောနေတာလေ"

"အမှန်ကို အမှန်အတိုင်းပြောတာပဲလေ"

GreenHead {ခေါင်းစိမ်း}Where stories live. Discover now