"39"

32.5K 2.1K 106
                                    

Unicode

မိုးကောင်းကင်က ကြည်ပြာရောင်တောက်နေသည်။ ကံ့ကော်ပွင့်ချိန်မို့ ပန်းရနံ့တို့က လှိုင်လှိုင်ထလို့။

"ငါ့အဖေဒီလောက်မြန်မြန်ခွင့်ပြုပေးလိမ့်မယ်လို့ ထင်မထားဘူး"

ခေါင်းစိမ်းလက်က ကျစ်ကြိုးလေးကို စိတ်ရှိသလို ဟိုဘက်ဆွဲလိုက်၊ ဒီဘက်ဆွဲလိုက်ဆော့နေရင်းမှ ဆိုလိုက်တော့ ခေါင်းစိမ်းက ပြုံးသည်။

"ဦးလေးက နားလည်မှုရှိတဲ့သူပါ"

ကြိုးကိုဆော့နေရာက ရပ်လိုက်ပြီး ကိုယ်ကို ခေါင်းစိမ်းဘက်သို့ တည့်တည့်လှည့်လိုက်သည်။

"တကယ်လို့ ငါ့အဖေက သဘောမတူခဲ့ရင်ရော..."

"မင်းငါ့ကို ခိုးပြေးမှာလား"

စ,သလို၊ နောက်သလို ရယ်ကျဲကျဲဖြင့်မေးလိုက်သော်လည်း သိချင်နေတာကတော့ အမှန်ဖြစ်သည်။ အကယ်၍များ ဖခင်ဖြစ်သူက သဘောမတူခဲ့လျှင် ခေါင်းစိမ်းက သူ့လက်ကိုဆွဲဖို့ ထိုကဲ့သို့သော အတွေးမျိုးရှိသလားဆိုတာ သိချင်သည်။

"ဦးလေးက သဘောမတူရင် သဘောတူတဲ့အထိ ငါကကြိုးစားမှာပေါ့..ခိုးပြေးပြီး သူများအထင်အမြင်သေးခံရအောင် မင်းကငါ့အတွက် ဘယ်လိုဖြစ်တည်မှုမျိုးမို့လို့လဲ"

နှုတ်ခမ်းထောင့်စွန်းလေးကို သွားဖြင့်မသိမသာဖိကိုက်လိုက်မိသည်။ ဘာရယ်မဟုတ် ငြိမ်သက်သွားမိတော့ သွေးကြောတို့ဖြင့်စိမ်းမြနေသော လက်ချောင်းရှည်သွယ်သွယ်တို့က ခုံပေါ်ချထားသော သူ့လက်အပေါ် ဖွဖွရွရွအုပ်မိုးလာခဲ့သည်။

"ဘာလဲ ငါတို့ရဲ့ရှင်းရှင်းနိုလေးက ခိုးမပြေးလို့စိတ်မကောင်းဖြစ်သွားတာလား"

ရယ်စစ,နှင့် ပြောလာတော့ 'ချီးကိုစိတ်မကောင်းဖြစ်ရမှာလား'ဟု ပါးစပ်လှုပ်ရုံဆဲလိုက်ပြီး တစ်ဆက်တည်းပြုံးမိသွားသည်။ ဒီမကောင်းတဲ့ကောင်ဟာ စောနကစကားကြောင့် သူငိုချင်နေတာကိုလည်း အမြင်ကတ်ဖို့ကောင်းစွာ သိနေပြန်သည်ပင်။

"ဒီပိတ်ရက် ဘယ်သွားချင်လဲ"

အောက်ချထားသော လက်နှစ်ဖက်လုံးကိုဆွဲယူကာ သူ့လက်ဖဝါးကြီးကြီးထဲစုထည့်လိုက်ပြီး မေးလာပုံက ညင်ညင်သာသာ။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now