"34"

30.2K 2.2K 34
                                    

Unicode

"လေ့ကျင့်ခန်းတွေရော မှန်မှန်လုပ်ရဲ့လား"

ကုတင်ဖြူဖြူထက်မှ လူနာဝတ်စုံနှင့်ပင် ကြည့်ကောင်းနေသောမိန်းမပျိုလေးက ချစ်စဖွယ်အပြုံးလေးဖြင့် ခေါင်းညိတ်သည်။

"ဗိုက်နာတာတွေ ဘာတွေရော ရှိသေးလား"

"တစ်ချက်တစ်ချက်တော့နာတယ်ဆရာ"

"ဆရာဆေးထပ်ပေးခဲ့မယ်..ဆေးကိုပုံမှန်သောက်နော်"

'ဆေး'ဟူသည့်အသံကိုကြားလိုက်သည်နှင့် မိန်းကလေးက ချက်ချင်းမျက်နှာမဲ့ကျသွားသည်။ ဒီကောင်မလေးဟာ အမြဲဒီလိုချည်း။

"ခွဲရမဲ့ရက်က သိပ်မလိုတော့ဘူးနော်..ကြောက်သလား"

ပြုံးစစနှင့်မေးလိုက်တော့ ဇဝေဇဝါဖြင့်ပြန်ကြည့်လာသည်။

"နှစ်ပတ်တောင်လိုသေးတယ်မဟုတ်လားဆရာရဲ့"

"အမလေး နှစ်ပတ်ဆိုတာဘာကြာလို့လဲ"

အသုံးပြုထားသည့် ဆေးပစ္စည်းအချို့ကိုသိမ်းထည့်နေရင်းမှ ကောင်မလေး၏ ဟွန့်ခနဲနှာမှုတ်သံကြောင့်လည်း ပြုံးရသေးသည်။

"မကြောက်ပါဘူး..မြန်မြန်ခွဲပြီးတော့လည်း ကောင်းတာပေါ့..ယုယ ဒီမှာမနေချင်တော့ဘူး"

"ဘာလဲ အိမ်ကိုပြန်ချင်တာလား ကောင်လေးက မျှော်နေလို့လား"

"ဟာ ဆရာနော်"

ချက်ချင်းပြန်အော်လာတဲ့ကောင်မလေးရဲ့မျက်နှာမှာ ရှက်ပြုံးတွေနဲ့။

"အမယ် ဆရာပြောတာမဟုတ်လို့လား..ခုတောင် ကောင်လေးက နေ့တိုင်းလာနေပြီးတော့"

"ဟာ ဆရာကလည်း...ဘာတွေပြောနေမှန်းလဲမသိဘူး သွားတော့ သွားတော့"

အသံထွက်အောင်ရယ်မိရင်း ရှက်နေသောမိန်းကလေးကို ကျောခိုင်းခဲ့သည်။ ဒီကောင်မလေးက နောက်နှစ်ပတ်နေလျှင် ခွဲစိတ်ရမည့်လူနာ။ သည်းခြေထဲတွင် ကျောက်တည်ခြင်းကြောင့် ဆေးရုံသို့ရောက်ရှိလာသူဖြစ်သည်။ ဖော်ရွေ၍ပျော်ပျော်နေတတ်သောမိန်းမငယ်လေးဖြစ်သည့်အလျောက် လေးငါးခါလောက်တွေ့ဆုံမှုအပြီးတွင်ပင် သူနှင့်ခင်မင်ရင်းနှီးလာခဲ့တာဖြစ်၏။

GreenHead {ခေါင်းစိမ်း}Tempat cerita menjadi hidup. Temukan sekarang