"6"

40.4K 3.1K 242
                                    

Unicode

"ရှင်းနို ဆေးရုံကို ကိုကြီးလိုက်ပို့မယ်..ခဏစောင့်ဦး"

အပြင်ထွက်တော့မည့်ဆဲဆဲ အပေါ်ထပ်မှထွက်လာသော အသံပြဲကြီးကြောင့် ခြေလှမ်းတို့ကို အရှိန်သတ်ကာ ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်သည်။

ခဏကြာတော့ အပေါ်ထပ်မှ ပြေးဆင်းလာသံ တဒုန်းဒုန်းကို ကြားရသည်။ ကုမ္ပဏီCEOဆိုပြီး တည်ငြိမ်မယ်မထင်ပါနှင့်။ အမြဲတစေ ပျာယာတွေကိုခတ်လို့။

"သွားမယ် ရှင်းနို"

"ဟုတ်"

ရှေ့ကနေ ခပ်သွက်သွက်ထွက်သွားသော ကိုကြီးနောက်လိုက်ရန် စားပွဲပေါ်ချထားသောအိတ်ကို ပြန်ကောက်ယူလိုက်သည်။

"သြော် သားငယ် ခဏ"

ရေနွေးကြမ်းသောက်နေသော ဖခင်ဖြစ်သူက အိတ်ကိုမြင်မှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လက်ပြကာ အပေါ်ထပ်သို့ တက်သွားသည်။

ပြန်ဆင်းလာတော့ လက်ထဲတွင်ပါလာသည်က neck pillow(လည်ပင်းခုခေါင်းအုံး)လေးတစ်ခု။

"သားဘုန်း လာပေးသွားတာ..သားငယ်နိုးလာရင် ပေးပေးပါတဲ့..အဖေ အခုမှ သတိရလို့"

အဖေဖြစ်သူ၏ လက်ထဲက ပန်ဒါပုံခေါင်းအုံးကိုကြည့်ရင်း ရုတ်တရက် ရယ်ချင်လာရသည်။ ဘေးမှာများရှိလျှင် 'လူကဖြင့် ပန်ဒါရုပ်ပေါက်နေပြီ..နားတဲ့အချိန်လေးမှာ စကားတွေများမနေဘဲ အိပ်ဦး'ဆိုပြီး ဆူပူနေမည်ထင်၏။

"မင်းသူငယ်ချင်းက မင်းကိုတော့ တော်တော့်ကို ဂရုစိုက်သား..ဒါပေမဲ့ အဲဒါကလည်း သူကောင်မလေးမရခင်အထိပဲ နေမယ်..သူရည်းစားရသွားရင် မင်းတော့ ပလစ်ခံဖြစ်ပြီ သားငယ်ရေ"

အဖေ့အပြောကို နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

အဲဒီအမျိုးကောင်းသားလေးက လွန်ခဲ့တဲ့၂နှစ်လောက်ကတည်းက အဖေ့သားကို ချစ်စကားကြိုက်စကားတွေပြောပြီး အတွေးတွေများအောင်လုပ်နေခဲ့တာ အဖေမှမသိပဲ။

ခေါင်းအုံးကို ယူလိုက်ပြီး အဖေ့ကို နှုတ်ဆက်ကာ ခပ်သွက်သွက်ထွက်ခဲ့၏။ ကားပေါ်သို့ မြန်မြန်တက်မှဖြစ်မည်။ နို့မို့ဆို ကိုကြီးနှုတ်ခမ်းက ရှေ့ကကားမှန်ကို ပြေးကပ်တော့မလားမသိ။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now