"22"

27K 2.3K 75
                                    

Unicode

"ဒေါက် ဒေါက်"

စေ့ပိတ်ထားသည့် အခန်းတံခါးကို နှစ်ချက်ဆင့်ခေါက်လိုက်တော့ "ဝင်ခဲ့ပါ"ဟူသည့် boss၏အသံခပ်အေးအေးကိုကြားရသည်။ အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ရှေးဦးစွာမြင်လိုက်ရသည်က စားပွဲခုံပေါ်တွင် အထပ်လိုက်ရှိနေသည့် စာရွက်စာတမ်းများနှင့် ရေးဆွဲလက်စ ဆောက်လုပ်ရေးပုံစံငယ်များ။

"Boss ခဏလောက်နားပါဦးလား"

Laptopဆီမှ မျက်လုံးမခွာနိုင်သေးသည့် bossဖြစ်သူက ပြုံးရင်း ခေါင်းကိုသာ အသာယမ်းပြသည်။ သက်ပြင်းကိုတစ်ချက်ချလိုက်ရင်း လက်ထဲတွင်ကိုင်ထားသည့် ကော်ဖီခွက်ကို အလုပ်စားပွဲပေါ်သို့ အသံမမြည်အောင်ချပေးလိုက်သည်။

"ဒီအတိုင်းဆို bossလဲသွားလိမ့်မယ်"

ချိုင့်နေသောမျက်တွင်းများနှင့် ပင်ပန်းနွမ်းနယ်နေဟန်ပေါက်သည့်မျက်နှာထားက ရှင်းသန့်ချောမောနေသည့်အသွင်သဏ္ဌာန်ကို ကွယ်ပျောက်သွားအောင်တော့ မစွမ်းဆောင်နိုင်သေး။ နှုတ်ခမ်းသားတို့က ဖြူဖွေးဖျော့တော့နေသည့်တိုင် ကြည့်ကောင်းနေဆဲ။

"နှစ်ရက်သုံးရက်လောက်ဖြစ်ဖြစ်နားပြီးမှ ကျန်တဲ့အလုပ်တွေကိုဆက်ပြီး.."

"ကျွန်တော် သူ့ကိုစိတ်မချဘူး ကိုဝဏ္ဏ"

ဖြတ်ပြောလာသည့် စကားသံကြောင့် ရှေ့ဆက်ပြောမည့်စကားတို့က တုံ့ဆိုင်းသွားရသည်။ ဘယ်နှကြိမ်မြောက်မှန်းမသိတော့သည့်သက်ပြင်းကိုသာ ခိုးချလိုက်ရင်း စိတ်ကိုတင်းကာ ဆက်လက်နားချမည့်ဟန်ပြင်လိုက်၏။

"ဒါပေမဲ့လည်း.."

"သူ ထမင်းကိုရော နပ်မှန်အောင်မှစားရဲ့လား..ကိုဝဏ္ဏသိလား မိုရှင်းနိုဆိုတဲ့ ‌ကောင်ဆိုးလေးကလေ ပုံမှန်ဆိုရင်တောင် အာဟာရဖြစ်တဲ့ထမင်းဟင်းတွေဆို သိပ်စားချင်တာမဟုတ်ဘူး"

စိုးရိမ်တကြီးဆိုနေတဲ့ကောင်လေးဟာ သူကိုယ်တိုင်ကတော့ ဘယ်ထမင်းကိုမှ နပ်မှန်မနေကြောင်း သတိထားမိပုံမရ။ အစားကိုပင် ဟုတ်တိပတ်တိမစားဘဲ အလုပ်စားပွဲမှာပဲခေါင်းစိုက်နေခဲ့တာ ဒါနဲ့ဆို ၇ရက်မြောက်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now