Part-2 💛

815 42 8
                                        

"အဂါး"

"ဟေ"

"ငါတို့ ညနေကြရင်
အမကြီး အွန်းဂျီတို့ အုပ်စု ဘက်ခဏ သွားရအောင် "

"ဘာလုပ်မလို့တုန်း..သွားပြီး"

"သူ တို့ အသေအလဲ ကြိုက်နေတဲ့ အကိုနမ်ဂျွန်း
မိန်းမခိုးလာတဲ့ သတင်း သွားပြောမလို့"

"အေး ကောင်းသားပဲ..ဟားဟား
သူတို့အတွက် စိတ်တော့ မကောင်းဘူးကွာ
ဒါပေမယ့် ငါတို့ အတွက် တော့
ဝမ်းသာစရာကြီး..
ညနေ မင်း ဘုန်းကြီး ကျောင်း က
အပြန် ဝင်ပြောကြတာပေါ့..."

"သူတို့ အုပ်စု ကိုအရင်ကတည်းက ပြောပါတယ်
အကိုနမ်ဂျွန်း က ဘယ်သူ့မှ
စိတ်မဝင်စားဘူး လို့...
အခုတော့ နားအေးရော..
သူတို့ အုပ်စု ကြောက်လို့ ထင်ပါ့
ဟိုက မြို့သူ တောင် ခိုးလာပြီ...။"

"အေး... မဟုတ် ရင် ငါတို့ နား လာပြီး
နားပူနားဆာ တအားလုပ်တာ..စိတ်ရှုပ်တယ် "

"ဒါနဲ့ အဂါး ဟိုရောက်ရင်
မင်းက မျောတိုင် ဝယ်
ငါက သစ်မာ ဝယ်မယ်..။
မွန်းမတည့်ခင် ပြန်မယ်
ငါ့ နွားတွေ ပမ်းမှာ စိုးလို့..."

"အေးပါကွာ... "

အစီအစဥ် ဆွဲရင်း ၊လှည်းမောင်းရင်း နှင့်
မြို့စွန်နား ရောက်လာတော့သည်.... ။

မင်ယွန်းဂီ ဆိုင်ရောက်သော်..

သစ်ဆိုင်က လူက ဆိုင်ထဲဝင်လာသည့်
မင်ယွန်းဂီ ကို သေချာကြည့်သည်။
ဝတ်စားထားတာ က တောပုံ ဆိုပေမယ့်
အသားအရည် က ဖြူစုပ်စုပ်၊
မျက်နှာကျောကလည်း ခပ်တင်းတင်း အပြင်
တက်တူးတွေ နဲ့ ဆိုတော့
ပိုင်ရှင် က လန့်နေရသည်။

မနက်စောစော ဝေလီဝေလင်း အချိန်ကြီး
ပိုက်ဆံ အိတ်မပါ ၊ ဘာမပါနှင့်
လူချည်းသက်သက် ရှစ်ခေါက်ချိုး မျက်နှာ နှင့် ဝင်လာတော့ သူ့မှာ ထိုင်ရမှာ လိုလို ၊ ထပြေးရမှာ လိုလို။
ဓါးပြ လာတိုက်တာလား..၊ ဘာလား..။
သူကလည်း ခပ်ကြောက်ကြောက် နှင့်ပင် ။
တရိုတသေမေးရသည်။

"..ဘာလိုချင်တာရှိလို့လဲ ငါ့ညီ."

"၁၅ပေ ကျွန်း မျော လိုချင်လို့"

ဟူး..တော်ပါသေးရဲ့၊ ပိုင်ရှင် က သက်ပြင်းမသိမသာချရင်း စကားဆက်ရသည်။

I'm villager Tempat cerita menjadi hidup. Temukan sekarang