Part 9

386 21 4
                                    

လှေကားတစ်လျှောက်
သူ့ လက်မောင်းကို ကိုင်ထားတဲ့
လက်ကလေးတွေကို ကြည့်ရင်း နမ်ဂျွန်း
  မသိမသာ သက်ပြင်းချမိသည်။

ခက်လိုက်တာ အကိုရယ်။
ကျနော်တော့ ရူးတော့မယ်ထင်တယ် ။

အကို့ကို သူစတွေ့တုန်းက
ကောင်လေးနှစ်ယောက်ရဲ့
အလည်မှာ ကျုံ့ကျုံ့လေး ။
ဆရာလေးမှန်း မသိခင်ကတည်းက
သူ အမှောင်ရိပ်ကနေ ထို သူ ကို မျက်တောင်မခတ်တမ်း ကြည့်မိနေခဲ့တာ။

သူ ရောက်လာတော့ ဆရာလေး က
တအံ့တသြလေး ကြည့်နေခဲ့သေးတယ်။
သူငယ်ချင်း တွေ က ဂရုတစိုက် မှာနေပုံအရ တော့
အကိုက သိပ်ကို အမြတ်တနိုး ထားရမယ့် လောင်းရိပ်မိပန်းလေးတစ်ပွင့် လို။

သူငယ်ချင်း တွေ နဲ့ နှုတ်ဆက်ခါနီး ကျတဲ့ မျက်ရည်ဥကြည်ကြည်လေးတွေက
သမင်မျက်ဝန်းဝိုင်းလေးတွေမှာ
အရောင်တလက်လက်။
နှင်းဆီဖူးလို နှုတ်ခမ်းတစ်စုံ ကလည်း
အရောင်ရင့်ရင့်နှင့် ။
ဆရာလေး၏ အလှနွံမှာ
နစ်မြုပ်မှန်းမသိ နစ်မြုပ်နေမိသည်။

မရင်းနှီးတဲ့ လှည်းပေါ်တက်ဖို့ အဆင်မပြေတဲ့
အကို့ရဲ့ ခါးသေးလေးကို မ ချီ မိတော့
အနွေးဓာတ်အပြည့်ပါတဲ့ လက်ဝါးနုနုက
သူ့ပခုံးသားကြမ်းရှရှ ကို ထိမိသည်မှာ
အသွေးအသားကို လျှပ်စစ်စီးသွားသည့်နှယ်။

ရွာမရောက်ခင်ထိ သူ့ ပခုံးနားကို ခပ်လျော့လျော့ လေး မှီအိပ်ကာ
ပါလာသည့် အကိုက ပင်ပန်းနေသည့်ပုံ။
လှည်းက လှုပ်တော့ အကို အဆင်မပြေဘဲ
လန့်နိုးမှာ စိုးတာက တစ်မျိုး ၊
လှည်းကို ဖြည်းဖြည်း မောင်းရင် လမ်းမှာ
အချိန်ကြာပြီး အကို ပင်ပန်းမှာ ကို
တွေးမိတာ တစ်မျိုး နဲ့
သူ ဘာလုပ်ရမလဲ မသိ ဖြစ်နေသည်။

ပေါ်ကြီး တို့ ညီအစ်ကို နဲ့ တွေ့တော့ မှ ရှက်ရမ်းရမ်းကာ ဒုန်းစိုင်းမောင်းရင်း ရွာကို ရောက်ခဲ့တော့သည်။

ဆရာလေးက ရှက်တော့ အနေမခက်ရအောင်
စကားပြောပေမယ့် လက်ပါ သွားကိုင်မိတော့
သူ့ အဖြစ်က" ပေါ့စေချင်လို့ ကြောင်ရုပ်ထိုးကာမှ ဆေးက လေး" ဆိုတာမျိုး လို ဖြစ်နေပြီ ။

နူးညံ့တဲ့ လက်ဖဝါး အိအိလေးကို
သူ့ရဲ့ ခပ်ကြမ်းကြမ်း လက်ဖဝါးကြီး နဲ့
ခပ်ဖွဖွဆုပ်ကိုင်ထားမိတော့
ထိကရုန်းပင်လေးလို ညှိုးသွားမှာ
စိုးသည့်နှယ် ရင်တမမနှင့်ပင်။

I'm villager Donde viven las historias. Descúbrelo ahora