ဘဘုန်းဆီက အပြန် ဝမ်ရိပေါ် တို့ နဲ့ ရွာထဲက
အပျိုတစ်အုပ် တွေ့ကြတော့သည်။
သူတို့ ပြဿနာ ရှာထားတယ့် အမကြီး အွန်းဂျီ လည်း ပါသည်။
ထိပ်တိုက်ကြီးတွေ့နေမှတော့ မနှုတ်ဆက်လို့လည်း မကောင်း ။
ထို့ကြောင့် မင်ယွန်းဂီ ကနေ စနှုတ်ဆက်လိုက်ရသည်။
"အမကြီး အွန်းဂျီ ဘယ်သွားမလို့လဲဗျ။"
"နမ်ဂျွန်း ဆီ...။"
ထိုအမကြီးက သူတို့ညီအကိုကို ကြည်ပုံမရ။
ဖြေတာကအစ ဆောင့်ဆောင့်အောင့်အောင့်။
"ဟား ဟား ဟား!!"
အမကြီး အွန်းဂျီ စကားဆုံးတော့
ဝမ်ရိပေါ် က တဟားဟားဖြင့် ထရယ်တော့သည်။
ဒီအမကြီး အမှတ်မရှိဘူး ဆိုတဲ့ ပုံစံနှင့်။
"ဟဲ့ ဘာရယ်တာလဲ။"
"ဘာမှ မဟုတ်ပါဘူး ဗျာ။
ဒါနဲ့ ဘာသွားလုပ်မလို့လဲ။"
"နမ်ဂျွန်း ဆီ သွားရင်း ဆရာလေးကို
သွားကြည့်မလို့။"
"ဟုတ်ပါပြီဟုတ်ပါပြီ
သွားကြည့်တာ ကိစ္စ မရှိပါဘူး ။
ပြန်လာတော့ မှ အုပ်စုလိုက်ကြီး ငိုမလာကြနဲ့။"
"ဘာ...!!!"
"ဟုတ်တယ် ။
ကျူပ်တို့ပြောတာ မယုံရင် ကိုယ်တိုင်သွားကြည့်ကြ။
ဒါပေမယ့် ရုတ်ရုတ်ရုတ်တော့ မလုပ်ကြနဲ့ နော်။
မြောက်ပိုင်းက ထိပ်တုံးက အမကြီး တို့နဲ့ အကိုက်ဗျ။"
"ဘာဟဲ့...!!"
"ဟရောင် ပေါ်ကြီး ပြေးဟ ။
ဟိုမယ် ဖိနပ်နဲ့ ထုဖို့ ချိန်နေကြပြီ။"
ဝမ်ရိပေါ် တို့ ညီအကို အူမြူးကာ တဟားဟားနှင့်။
ပုဆိုးကိုတိုတိုဝတ်ကာ ဆေးပေါ့လိပ် တစ်ယောက်တစ်လိပ် စီဖြင့် သူကြီးသားများက ဂေါ်နေကြသည်။
မနက်ဖြန် မြို့တက်ရမှာဆိုတော့ တွေးမိတိုင်း
စိတ်ထဲ ကျေနပ်မှုတွေက အများသား။
*မနက်ဖြန် တစ် ခေါက်လောက်တော့
ထပ်ဆုံရင် ကောင်းမယ်။*
"လယ်ထဲ မသွားရဘူး ဆိုတော့
ဝိုင်းဘေးက ခြံရှင်းကြမလား..အဂါး။"
"အေး ကောင်းတယ် ။
တခါထဲ ရှင်းပြီးတော့ မနက်ဖြန် ပစ္စည်းဝယ်
ပြန်လာရင် အသင့်ဖြစ်တာပေါ့။"
ESTÁS LEYENDO
I'm villager