Part 14💘🌆

406 18 8
                                    

ညကြီး သန်းခေါင်ပင် ဖြစ်လင့်ကစား
သူကြီး ၏ ခြံဝန်းထဲတွင် ရွာထဲက လုံမတစ်ချို့၏ တောက်ခေါက်သံ ၊ ဆဲသံ များဖြင့် ကျွတ်စီနေသည်။

"အလိုတော် !!!!
လူကြားလို့မှ မသင့်တော်တဲ့ စကားကိုများ"

"ဒီကောင်မ ကြည့်စမ်းဟယ်!!!
ပါးစပ်က ထွက်ရဲတယ်။"

"ဒါက ရှင်တို့ တောမှာ မို့လို့
နားမလည်ပါးမလည် ဖြစ်နေကြတာ
လူပျို ပဲ လေ
သူကြိုက်ချင်တဲ့ သူ ကြိုက်မှာ ပဲ။
လိုက်ချင်တယ့် သူ လိုက်မှာပဲ။
ရှင်တို့ ဆရာလေးက  ချမ်းသာတယ့် မြို့သားမှန်း သိလို့ မြူဆွယ်နေတာ ဖြစ်မှာပေါ့ ။
အဲ့တာကြောင့် ကျမ တို့ ဘက်က ဒီလို ဖြစ်နေတာ ။
  ကျမ မောင်တွေ ချည်း အပြစ်တင်မနေနဲ့။
   ယောကျာ်း တန်မဲ့ မြူဆွယ်တဲ့ ရှင်တို့ ဆရာလေး ကိုလည်း ပြောကြလေ။
   ပြီးတော့ မိန်းကလေးမှမဟုတ်တာ
   အသားလည်း ပဲ့ပါမသွားပါဘူး။"

"မဟုတ်ဘူး... ဂျင်... ဂျင် ဘယ်သူ့မှ မမြူဆွယ်ဘူး။
သူတို့ ကို လည်း မသိဘူး။ ဂျင် မသိဘူး။"

"တယ်...ဒီကောင်မ
အလေ့ကျ ပေါက်တဲ့ အပင်လိုပဲ။
ပေါက်ပန်းဆေး ပါးစပ် ထွက်ရင် ပြီးရော
နင့်ပါးစပ်ကပြောတက်တယ်.!!!!
ငါတို့က နားမလည်ပေမယ့် နင့်မျက်ခွက်လည်သွားအောင်တော့ လုပ်နိုင်တယ်ဟဲ့"

ဖြန်းး!!!! ဖြန်းး!!!!

"အရီးလေးရယ် တော်ပါတော့
သား ရှက်လို့ပါ "

"အို ဆရာလေး အသာနေစမ်းပါ။
ဘာ ရှက်စရာ  လိုလို့လဲ။
ဒီကောင်မ ကျူပ်ကို ဘာထင်နေလဲ မသိဘူး ။
ဟဲ့..နင့်မောင်တို့ အုပ်စုက
လူပျိုပဲနေနေ ပြိုပြီးပဲ ကျနေနေ ၊ သေအောင်ချမ်းသာနေနေ
ငါတို့ အလုပ်မဟုတ်လို့ စိတ်မဝင်စားဘူး။
ကိုယ့်အဆင့်နဲ့ မတန်မရာ ဟယ်..ဆရာလေးကိုများ မှန်းရတယ်လို့။
မြူဆွယ်တယ် တဲ့လား။
နင့်ရဲ့ အကောင်တွေ က သာ ယောကျာ်း မှန်း.မသိ မိန်းမမှန်း.မသိနဲ့ ချောချောလှလှ မြင်ရင် တဏှာရူး နေကြတာလေ ။
ဒါကို မိန်းမ ဖြစ်တယ့် ညည်းကလည်း အရှက်မဲ့လိုက်တာ ဒီလို ပါးစပ်က ပြောထွက်ရတယ်လို့"

"ဒီမယ် အဘွားကြီး ကျမ ပါးကို ဘယ်သူမှ ရိုက်ဖူးတ မဟုတ်ဘူး ။
ရှင်တို့ ဆရာလေးက မိန်းမတွေထက် နုနေတာလေ။ကျမ မောင် မဟုတ်လည်း တခြားလူတွေက လာ ပြီး ထိချင် ကိုင်ချင်ဦးမှာပဲ။
ပြီးတော့ ဟိုကောင်လေး နင်လည်း မြို့မှာ နေလာတာပဲ။ ဒီလောက်တော့ သိမှာပါ ။
ငါ့မောင်နဲ့ သူ့သူငယ်ချင်း တွေက ရေလျှံတဲ့ လူတွေချည်းပဲ။ နင့်ဘဝ ကောင်းစားမှာ။"

I'm villager Where stories live. Discover now