Part 22💓

783 25 46
                                    


"ဟာ!!...ပြွတ်စ်!"

ကုတင်ပေါ်က အကို့အပေါ် အရှိန်ပါပါနှင့် ထပ်လျက်သားပင် ပြုတ်ကျသွားတော့သည်။

ပြုတ်ကျတာက ကိစ္စ မရှိပေမယ့်...
နှုတ်ခမ်းချင်း ထိလျက်သား အခြေအနေ
ဖြစ်သွားတာက နမ်ဂျွန်း အဖို့
ရူးခါသွားနိုင်သည့် အခြေနေ ဖြစ်သည် ။
နှလုံးသွေးများက တဒိန်းဒိန်းနှင့် ရင်ဘတ်ကနေ နားထင်ထိ ဆောင့်တက်နေသည်ဟု ထင်ရသည်။

မထင်မှတ်ထားအောင်၊ အခြေနေက
အခုလို ဖြစ်သွားတော့ ၊
နမ်ဂျွန်းစိတ်ထင် သူ့ နားထဲကနေ မီးတွေထွက်နေသလားတောင် မှတ်ရသည် ။
အိစက်စက် နူးညံ့ညံ့ နှုတ်ခမ်းလေးနဲ့ ထပ်တူကျနေခြင်းက အနည်းငယ် အေးသည့် မနက်စောစော အချိန်တွင်
နမ်ဂျွန်းအတွက်တော့ အတော်လေး ချွေးပြန်စေသည့် ကိစ္စ ဖြစ်သည် ။

ပြန်အိပ်ဖို့ ပြင်နေသည့် ဆရာလေးသည်လည်း ရုတ်တရက် ဖြစ်သွားသည့် အခြေနေကြောင့် မျက်လုံးအပြူးသားနှင့် ရင်တွေတုန်ကာ
ကြောင် အ နေရသည်။

အ...အခု
သူနဲ့ သူကြီးသား က ဘယ်လိုအနေအထားကြီးလဲ။

ဂျင့်စိတ်ထင် သူ့ကိုယ်သူ အသက်တောင်မှန်မှန်
ရှုနေလား မသိတော့ပေ။

သေတော့မှာပဲ ကင်မ်ဆော့ဂျင်း ရယ်
ဘယ်..ဘယ်လိုတောင် အနေအထားတွေက
ကျောချမ်းစရာကြီး ဖြစ်ကုန်တာလဲ ။
နမ်ဂျွန်းကရော ဘယ်လိုဖြစ်ပြီး သူ့အပေါ်မှာ ရောက်နေရတာလဲ။

နေရခက်မှုကြောင့် ဂျင့်မျက်လုံးတွေက
ဟိုဟိုဒီဒီ အကြည့်ပို့မိကာ နမ်ဂျွန်းမျက်နှာကိုလည်း သေချာမကြည့်ရဲပေ။

စက္ကန့် အနည်းငယ် ကြာမှ
ခပ်နွေးနွေး ဝင်သက်ထွက်သက်လေတစ်ချို့က သူ့နှာခေါင်းထဲ တိုက်ရိုက်နီးပါး ဝင်သောအခါ
သူနဲ့နမ်ဂျွန်း က ခန္ဓာကိုယ် တွေတင် ထပ်ရပ်မဟုတ်ဘဲ...၊
နှုတ်ခမ်းတွေကပါ.. ထပ်တူညီနေတာကို အကျိုးနည်းစွာပင် သတိထားမိသွားတော့သည် ။

ဒါ...ဒါ ဘယ်လိုတောင်လား၊
ရှောင်းကျန့် ပြောသလို ပြောရရင်
ဒါ သောက်ကျိုးနည်း တာပဲ ။
အတော်ကြီးကို သောက်ကျိုးနည်း တာ။

မျက်နှာတွေတင် မက မျက်လုံးတွေ ၊ နားရွက်ဖျားတွေ၊ ဂုတ်ပိုးတွေပါ
ရဲတွတ်လာပြီဟု ထင်ရအောင် ဂျင်ရှက်မိသည်။
ဟုတ်တယ် ၊
ဒါ..ရှက်စရာ ကိစ္စကြီး၊
ပြီးတော့ တကယ်လည်း သူ လန့်သွားတာ။
ဂျင်သာ အခုချိန် ကလေးဆိုလျှင် လူးလိမ့်ပြီး အော်ငိုမိတော့မှာပင်။
ဒီလို ပုံစံ အခြေနေနဲ့ အချိန်ကြာလာလျှင် ဘာဖြစ်မည် ဆိုတာ မသိသောကြောင့် ဂျင့်စိတ်ထဲ စိုးရိမ်စိတ် ဝင်လာရသည်။

You've reached the end of published parts.

⏰ Last updated: Mar 04, 2023 ⏰

Add this story to your Library to get notified about new parts!

I'm villager Where stories live. Discover now