Part 20

349 17 17
                                        


" ငွေသော်တာ ရောင်ခြည်...
ထိန်လင်းတော့မည်...
ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ...
သဒ်ဒါက ပိုသည်..
ဆရာ...အဟမ်း..အသဲစွဲအောင် ချစ်မိသည်"

ယာတောထဲတွင် လူရွယ်တစ်ဦး၏ သီချင်းသံက
ခပ်သြသြဖြင့် ရယ်မြူးရိပ်သန်းကာ
ပျံ့နှံ့လျက် ရှိသည်။
ထိုအသံဟာ နှစ်ယောက်မရှိသည့်
သူကြီးသား ကင်မ်နမ်ဂျွန်းပင်။

တက်ကြွရွှင်မြူးကာ သီချင်းဆိုနေရသည့်
အကြောင်းအရင်းက အခြားတော့ မဟုတ်၊
ဆရာလေး၏ ရှက်ပြုံးလေးကြောင့်ပင်။
သူ့ရဲ့ မထိတထိ စကားတွေကြောင့် ဖြစ်သွားတဲ့
အပြုံးနုနု နဲ့ မျက်နှာရဲရဲလေးဟာ သိပ်ချစ်ဖို့ ကောင်းသည်။

အကိုဟာ သူ့အတွေးထဲ စိုးမိုးလွန်းသည်။
အကိုဟာ သူ့အာရုံတွေထဲ လိပ်ပြာလေးသဖွယ် ဝဲလည်ခတ်နေတက်သည်။
အကိုဟာ ရုန်းလေနစ်လေဖြစ်တဲ့ ရွှံ့နွံအိုင်လေးလည်းဖြစ်သည်။
အကိုဟာ သူ့ကို စောင့်ထိန်းရခက်သော အခြေနေများထိရောက်အောင် ခဏခဏ တွန်းပို့လွန်းသည်။
နောက်ပြီး
အကိုဟာ သိပ်လည်းအသဲယားစရာ ကောင်းလွန်းသည်။

သူ့ကို တဖြည်းဖြည်းချင်း မနေနိုင် မထိုင်နိုင်အောင် ရူးနှမ်းအောင်ထိ ပြုစားဖို့များ စိတ်ကူးထားသလား လို့တောင် တွေးမိသည်။

တစ်ယောက်သောသူကို သိသိသာသာ
ရည်ညွှန်းနေသည့် သီချင်းကို ဆိုရင်း ထိုသူ၏ မပွင့်တပွင့် အပြုံးလေးကို သတိရမိသော အခါ
နမ်ဂျွန်း ရင်ထဲ ကြည်နူးမှုလှိုင်းလေးက
ညင်သာစွာလှုပ်ခတ်သွားတော့သည်။

နွားချူသံ၊ ခလောက်သံများနှင့်
ယာထဲလုပ်ငန်းခွင်ဝင်နေသည့်အသံမှ အပ
ဆိတ်ငြိမ်နေသည့် ထိုအချိန်တွင်
ထိုသီချင်းသံလွင်လွင်က ထွက်ပေါ်လာသည့်အခါ ကြားမိသူအားလုံးက သီချင်းနှင့် သီဆိုသူအပေါ် အာရုံစိုက်မိလျက်သားဖြစ်နေတော့သည်။

အသံလည်း ကောင်းသည်၊
သံစဥ်လည်း ကိုက်သည်၊
ကာရန်လည်း မိသည်၊
သို့ပေမယ့်
တခုခုတော့ လွဲနေသေးသည်ဟု သူတို့ ခံစားမိကြသည်။

ယာထဲရှိ လူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သီချင်းသံကို ထပ်နားစွင့်နေကြသည်။

I'm villager Donde viven las historias. Descúbrelo ahora