Part...19💗🍰

429 17 46
                                        

"အကို စာသင်ကျောင်းက ဘုန်းကြီးကျောင်းဝန်းထဲ မှာပဲ...၊
နေ့လည်စာ စားချိန်ကြရင် အိမ်ပြန်စားလည်း ရတယ်၊
ကျောင်းမှာ စားလည်းရတယ်။
အကို့ သဘော။
အသွားအပြန်ကိုတော့ ကျနော် လိုက်ပို့မယ်။"

ရွာလည်လမ်းမမှာ နမ်ဂျွန်း နဲ့ အကိုက ပူးကပ်နေတာမဟုတ်သလို ၊ အလှမ်းဝေးနေတာလည်းမဟုတ်ဘဲ
ခပ်ခွာခွာလေး ဖြစ်နေသည်။

ညနေစောင်းပြီမို့
လူရှင်းရင် နမ်ဂျွန်းက နှစ်ကိုယ့်တစ်စိတ်ဟု
ထင်ရအောင် ဆရာလေးနား ကပ်နေပြီး
လူရှေ့ရောက်ရင်တော့ ၁ မိုင် ကွာတယ် ဟု ထင်ရလောက်အောင် ခပ်ကျဲကျဲရောက်သွားတက်တာ ဖြစ်သည်။

အခုလည်း စာသင်ကျောင်း ရှိသည့် ဝါးရုံတောလို လူရှင်းသည့် နေရာလေးကို ဖြတ်သွားရတာမို့ နမ်ဂျွန်းက ဆရာလေးနား ကော်နဲ့ကပ်ထားသလို ကပ်နေတော့သည်။

"ရပါတယ် နမ်ဂျွန်းရဲ့ ၊
ကလေးတွေ နဲ့ အတူပြန်လိုက်ပါ့မယ် ဒုက္ခမရှာပါနဲ့။"

"ဒုက္ခမဟုတ်ပါဘူးဗျာ...
သုခပါ..၊"

"ဟင်!"

အကိုက မျက်လုံးလေးပြူးကာ ပြန်မေးတော့..

"သြော်.. ကျနော့်အတွက် အပန်းမကြီးပါဘူး။
ကျနော် မနက် ယာထဲက အပြန်နဲ့ ကွက်တိမို့လို့
အကို့ကို လိုက်ပို့မယ်၊
အပြန်ကြရင် ကျနော် ယာထဲမှာ အလုပ်ပြီးတာနဲ့
အကို့ကို လာကြိုမှာနဲ့ အံကိုက်ပဲ။
အကို့ စာသင်လက်ဆွဲအိတ်လေးကို
ကျနော့်ပဲ ကိုင်မှာ။"

နမ်ဂျွန်းက အပြီအပြင်ပင် အကို ငြင်းမရအောင်
ချည်ပြီးတုပ်ပြီး ပြောသည်။
အဖေက ဂရုစိုက်ခိုင်းတာနဲ့..၊ သူကလည်း မျက်စိအောက်က အပျောက်မခံချင်တာနဲ့ ကွက်တိပင်။
အကိုက သူ့အပိုင် မဟုတ်ပေမယ့် အကိုနဲ့ ပတ်သက်သမျှ ဘယ်သူ့မှ မထိစေ မကိုင်စေ ချင်ပေ။

"ဟော.. ကလေးတွေ ကိုင်လို့ရောမရဘူးလား။"

အကို့ စကားဆုံးတော့ နမ်ဂျွန်းက မျက်မှောင်တွေ ကျုံ့ကာ...

"ကလေးက ကလေးနေရာ နေမှပေါ့ဗျ။
ကျနော်က ကြီးပြီလေ...၊
လက်ဆွဲအိတ်လေးတင် မဟုတ်ဘူး၊ လက်ဆွဲအိတ်ပိုင်ရှင် အကို့ကိုလည်း ကျနော်က ကာကွယ်စောင့်ရှောက်ပေးမယ့်သူပါ။"

I'm villager Where stories live. Discover now