Part 21❣💕

393 18 52
                                    


အကို နဲ့ ဆရာမ နှစ်ယောက် စကားပြောရင်း လမ်းလျှောက်လာသည်ကို မြင်ရသည်။
ရိုးသားစွာ ဝန်ခံရရင်တော့
သူ့ မျက်စိထဲ အကိုပဲ မြင်သည်။

ကျောင်းလုံချည်စိမ်းလေးနှင့်ခြေဖဝါး ဖြူဖြူနုနုသည်
နက်စွေးစွေး ကတ္တီပါ ဖိနပ်နှင့် လွန်စွာ လိုက်ဖတ်သည်။
မျက်နှာ နုနုထက်က အပြုံးလေးများကလည်း
နမ်ဂျွန်းအတွက် တနေ့တာ အမောပြေစရာပင် ဖြစ်သည် ။

အကိုဟာ သူ့အတွက်တော့
ခေါင်းအစခြေအဆုံး ကြည့်မဝ ရှု့မဝ အမောပြေလေး ပင် ။

သူ့ဘေးနားက ယွန်းဆူကို ကြည့်မိတော့
ပြောစရာ စကားတွေ ပျောက်ကာ
ဘာနဲ့ နှိုင်းလို့နှိုင်းရမှန်းတောင် မသိပေ။
ရုပ်ကလေးက ရှိပေမယ့် မိန်းကလေး တန်မဲ့
အော်ပြဲလန် စပ်စုစိန်ဖြစ်နေပုံက ကန်ချချင်စရာ။

ဥပမာ ပေးရသော်
တာဝတိံသာ နတ်ပြည်ခြောက်ထပ်က နတ်သားလေးနှင့်
လူ့ပြည်က အမှိုက်ကောက်သည့် ကလေးမတို့ ပမာပင်။

သူ့လိုပင် ယွန်ဆူကလည်း မျက်နှာ ပြောင်ပြောင်နှင့်
အကို့ကို စောင့်နေသည်ကို မြင်သောအခါ..
အမြင်ကတ်ကတ်ရှိသောကြောင့်

"နင် ဘယ်တော့ မြို့ပြန်မှာလဲ"

"ဘာလို့တုန်း"

"မျက်စိနောက်လို့"

"သေနာလေး..ငါ့ဘာသာ နေတာ နင့်ဘာလုပ်လို့လဲ"

"ဘာမှ မလုပ်လည်း
အလကားနေရင်း မျက်စိနောက်လို့"

"..အယ်..အယ်...!!
ချောလိုက်တာ၊
ဘယ်လိုလေးလဲ မသိဘူး
.. အသဲယားစရာလေးဟယ်!!"

ယွန်းဆူ သူတို့ နားရောက်လာသည့် ဖြူဖြူချောချော ဆရာလေးဆိုသူကို ကြည့်ပြီး အသဲယားသွားသည်။
မျက်လုံးဝိုင်းလေးအပြင် နှင်းဆီဖူးလို နှုတ်ခမ်းလေးကြောင့် တော်တော်ချစ်စရာ လေး ဖြစ်သည် ။
*လှချက်တော်..ဘယ်လိုလေးမှန်း ကို မသိတာ။
ကင်မ်နမ်ဂျွန်း သဲသဲလှုပ်တာလည်း မပြောနဲ့ *

အကို့ကို ကြည့်ပြီး သရည်တမြားမြားဖြစ်နေသည့်
ယွန်းဆူကို အလိုမကျသလို တစ်ချက် ကြည့်လိုက်ကာ..

"ဟမ့်... နင့်မျက်လုံးကြီး အပြင်ထွက်ကျဦးမယ်၊
အိန္ဒြေလေး ဘာလေး ဆောင်ဦး"

I'm villager Donde viven las historias. Descúbrelo ahora