Part-1💙 (Uni/ Zawgi)

3.4K 75 6
                                    

အောက် အီး အီးအွတ်
အောက် အီး အီး အွတ်
အောက် အီး အီး အွတ်..

လင်းရောင်ပျို့စ ဝေလီ ဝေလင်း
အချိန် နှင့် ကြက်တွန်သံသည်
တောရွာ များ အဖို့ အလွန်ပင် နားပသာဒ ရှိလှသည်။

. "အဘ ကျုပ်တို့ ပြန်လာပြီ"

နွားလှည်သံ ၊ ချူသံ
ထင်းစည်း များ ချသံ နှင့် အတူ
ဝမ်ရိပေါ် နှင့် မင်ယွန်းဂီ တို့ ဝင်လာကြသည်..။

"စောလှချည်လားကွ"

မင်ယွန်းဂီ... "စောဆို မြို့တက်ပြီး
မျောတိုင် တို့ ၊ သစ်တို့ ဝယ်မလို့ဗျ...။"

"အေးအေး မင်းတို့ က သာ
ဝီရိယ ကောင်းနေတာ
မြို့က သစ်ဆိုင်တွေက ၈ နာရီ မှ ဖွင့်သာဆိုပဲ...
အစောကြီး သွားပြီး
ထိုင်စောင့်နေရမယ် မောင်တို့"

ပေါ်ကြီး ......"မြို့စွန် နားက ဆိုင်တွေ ဘက် ဝင်ကြည့်ပြီး
စျေးဘေး ဘာလေး တီးခေါက်ကြည့် ခဲ့မယ်လေအဘ ရာ
သင့်ရင် ဝယ်မယ် လေ မြို့ထိ မသွားတော့ဘူး..။"

အဂါး....."ဟုတ်တယ် အဘ မျောတိုင် ဝယ် ပြီး ပြန်လာရင်
ပေါ်ကြီး က ရွာဦး ဘုန်းကြီး ကျောင်း ဘက် ဝင်လိမ့်မယ်..
ကျုပ်က တောထဲ ခဏ သွားဦးမှာ..."

"အေး.အေး.မင်းတို့ အဆင်သပြေသလို
သာ လုပ်ကြ
လာ လာ ထမင်းကြော်လာစားချည်ဦး..။
ပြီးမှ လိုတဲ့ ခရီးဆက်ကြ..လူလေးတို့..။"

"ဟုတ် အဘ..။"

ထမင်းစားပြီး ဝမ်ရိပေါ် တို့ ညီအကို
မြို့တက်ရန် ပြင်နေကြသည်. ။
အဘ ကတော့ ဖက်ကြမ်းတလိပ် ဖွာနေပြီး..
အစစ အရာရာဂရုစိုက်ရန် မှာ ကြားနေသည်..။

ပေါ်ကြီး..... "ဒါနဲ့ အဘ ဒီနေ့
အကို နမ်ဂျွန်း ကို ယာထဲ မတွေ့မိဘူး..။"

"ဟုတ်လား..ဒီကောင်လေး...နေများ မကောင်းလို့လား"

အဂါး....."မဟုတ်လောက်ပါဘူး အဘရာ
အကို နမ်ဂျွန်း လား နေမကောင်း ဖြစ်မှာ..
သူ့လောက် မာ တာ သူပဲ ရှိတယ် "

"ဟေ...အေး ဟုတ်သားပဲ
ငါ ညနေ သူတို့ ရွာဘက် ခဏ သွားကြည့်ဦးမယ်..။"

"ကျုပ်တို့ သွားပြီ အဘ
အရေးကြီး ရင် အိမ်မှာ ဘိုနီ တို့ ဘိုနက် တို့ ရှိတယ်
အပြင်တွေ လျှောက်သွားမနေနဲ့
သူကြီး က သူကြီး လို နေဦး"

I'm villager Donde viven las historias. Descúbrelo ahora