" ဟို နှစ်ယောက် ရော အဖေ"
"အေး မင်းနဲ့ ဆရာလေး အပေါ်တက်သွားကတည်းက တမာပင်နားမှာ
ဘာလုပ်နေကြလဲ မသိဘူး။"နမ်ဂျွန်း စိတ်ထဲ နည်းနည်းစိုးရိမ်သွားသည်။
တမာပင်ပေါ် တက်ကြည့်လိုက်ပါက ပြတင်းပေါက် ဖွင့်ထားသောသူ့အခန်းနှင့် ကွက်တိပင်။
ဒီကောင် တွေ သူ့အခန်းထဲ ချောင်းမကြည့်ဘူးလို့
အတပ်မပြောနိုင် ။
အကိုနဲ့ သူနဲ့ ဖက်နေတာ သာ မြင်သွားရင် ...။
သူက အရေးမကြီးပေမယ့် အကိုက တော့ မဖြစ် ။
ဟို ၂ကောင် အကို့ကို စလို့ ပြီး မှာ မဟုတ်။
စိတ်ထဲ ခပ်လေးလေး ဖြစ်နေသည်မိသည်မို့။
သွားမေးဦးမှပါ။အကို့ကို အဖေ့ဆီ ထားခဲ့ ပြီး
တမာပင်နား သွား ကာ ပေါ်ကြီးတို့ကို
ရှာပုံတော် ဖွင့်ရသည်။ဟော...တွေ့ပါပြီ။
တမာပင်ကို လက်ထောက် ကာ
ငေးနေသော မင်ယွန်းဂီ ။ဝမ်ရိပေါ် ကတော့
ခပ်ကြီးကြီး အမြစ်တွယ် နေသည့် တမာမြစ်ကို
ဖင်ထိုင်ချကာ ငေးနေသည်။တကယ်တော့ အကိုနမ်ဂျွန်း ထွက်သွား အပြီး
အဘ နဲ့ ဦးလေးကင်မ် က သူတို့နှစ်ယောက် ကို သေချာ ခေါ်ကာ
အကျိုးကြောင်း ပြောပြထားလို့
သိနှင့် ပြီး ဖြစ်ပါသည်။အဘက ရွာပြန်ရောက်မှ အဂါးတို့ကို
ထိတ်တုံးခတ်မည်ဟု လည်း ကြေညာထားသည်။
သူတို့ မှ မသိဘဲ ။ တမင်ရည်ရွယ်တာ မဟုတ်ဘဲ ဖြစ်သွားတာ ကြောင့် ဦးလေးကင်မ် က
စိတ်လျော့ ရန် ဝင်ပြောမှ အဘက သူတို့
ငယ်ထိပ်ကို ၂ လောက် ခေါက်ပြီး
စိတ်လျော့လိုက်သည်။ဒါပေမယ့် ထို ကိစ္စ ကို အဂါးတို့ မကျေနပ်။
မရီး က ဆရာလေး ဖြစ်ပြီး
အကို နမ်ဂျွန်း နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာ မယုံပေ
သူတို့ လုံးဝ ။မီးဖိုချောင်ထဲ မှာ အဖြစ်သည်းနေသော
ထို နှစ်ယောက် ကို တွေ့ထားကတည်းက
ပုံမှန် မဟုတ် တာ ကို
အဂါးရော ပေါ်ကြီး ရော သတိထားမိသည်။
ဒါ့ကြောင့် အဘ နှင့် ဦးလေးကင်မ် ပြောတာကို
စိတ်ချမ်းသာ အောင် အင်း တစ်လုံး ပဲ ပြောကာ တမာပင်အောက်မှာ စဥ်းစားခန်းဖွင့်နေခြင်း။
BINABASA MO ANG
I'm villager