Part....16💗💘

323 18 6
                                    

မနက်၇ နာရီ နေသည် မပူပြင်းသော်လည်း
မျက်နှာပေါ်သို့ အချိန်အတန်ကြာ တိုက်ရိုက်ထိုးကျသောအခါ အပူရှိန်အချို့က တငွေ့ငွေ့ ဖြင့်
နေရခက်လာသည်။

မျက်လုံးကို ဖွင့်ကြည့်မိတော့ စူးခနဲ ဖြစ်နေသော အလင်းရောင်ကြောင့် ပြန်ပိတ်လိုက်ပြီး
မျက်တောင် ၂ ချက်လောက် ခတ်ပြီးမှ ပြန်ဖွင့်လိုက်ရသည်။

ဂျင့် မျက်ခွံများသည် ဖောင်းနေကာ
မျက်ရည်စီးကြောင်းများကြောင့်လည်း
ပါးနှစ်ဖက်က တင်းနေသည်။

ခေါင်းက ဆစ်ခနဲ ထိုးကိုက်လာမှုနှင့် အတူ
ညက အကြောင်းအရာများက ခေါင်းထဲ ဝင်လာသည်။

သူ့ ဘဝ တကယ် ပျက်တော့မလို့။
သူကြီးသာ အသိမဦးခဲ့ရင် သူတော့...သွားပြီ။
ရွာကလူတွေက သူ့ကို ဘယ်လိုထင်ကြမလဲ..။
ဟိုလူတွေကရော ဘယ်ရောက်သွားပြီလဲ.. ။
ပြီးတော့ သူတို့ ထပ်ပြီး ပြန်ရောက် လာရင်ရော..။
နောက်ပြီး.. နမ်..နမ်ဂျွန်းကရော
သူကို့ အထင်လွဲသွားပြီလား...။

ရှက်ရွံမှုတွေနဲ့ ဝမ်းနည်းမှုတွေက ရင်ထဲမှာ ထပ်ပြီး
ပြည့်ကျပ်လာသည်။

"ဟင့်.."

ငိုရလွန်းလို့ သူ့မျက်ရည်တွေလည်း ကုန်တော့မယ်။

နောက်ပြီး သူ့ဘက်ကနေ အမြဲတမ်းရှိနေပေခဲ့တဲ့
မြို့က ကျန့်တို့ကို သတိရသွားသည်။
ကျန့်ကျန့် နဲ့ အငယ်လေးရေ..ဂျင်တော့ အရမ်းဝမ်းနည်းတာပဲ။
ဘာလုပ်ရမလဲမသိတော့ဘူး ။
ရှက်လွန်းလို့ သေချင်တယ်။

အိပ်ယာပေါ် ဂျင်သည် ကွေးကွေးလေး လှဲရင်း ငိုမြဲငိုလျက်။
သူ ဘယ်လိုပုံစံ၊ ဘယ်လို အင်အားမျိုးနဲ့
ဒီရွာမှာ ဆက်နေရပါတော့မလဲ။
သေသာ သေချင်ပါတယ်။

~~~.....~~~~~.....~~~~

"ငါ့ညီ.."

"..."

"ငါ့ညီ"

"..."

"ငါ့ညီ!!"

"ဗျာ !!"

"မှာထားတဲ့ ပစ္စည်းတွေ လှည်းပေါ်တင်ပြီးပြီ လို့
ပြောတာ ငါ့ညီ"

"သြော် ဟုတ်ကဲ့ ။
ဒီမှာ ၅ သောင်း။"

"ကျေးဇူးတင်ပါတယ်ဗျာ။
နောင်လည်း အားပေးပါဦး။"

I'm villager Donde viven las historias. Descúbrelo ahora