Part 6 💙💝

577 29 6
                                        

ဆင်ဝင်အိမ်လို အိမ်ကြီးအိမ်ကောင်းကိုမှ
ခြေတံရှည် သဘောမျိုး
ဆောက်ထားသောကြောင့်
အိမ် ရဲ့ အောင်ထပ်တစ်ပိုင်းလုံးဟာ ဗလာဟင်းလင်း။

ကျယ်ဝန်းသော ခြံနှင့်
အိမ် အနောက်ခြမ်းတွင် စပါးကျီ များ ရှိပြီး
ပြောင်လက်နေသော ကျွန်းတိုင်များက
ပြည့်စုံ ကြွယ်ဝမှုကို ဖော်ပြနေသည်။

ခြံဝန်းကျယ်ကျယ် ထဲတွင် သစ်ပင်ကြီးများ ဝါးရုံပင်များ က တောအသေးစားလေးလို ဖြစ်နေသည်။

ကျေးရွာ ထုံးစံ အရ
ကျွန်းတန်းလျားတစ်စုံချ ထားပြီး
အကြမ်းအိုးနှင့် ကွမ်းအစ် ၊လက်ဖတ်အုပ်တို့ ရှိသည်။

အပေါ်ထပ်ကို တက်သွားတော့ ....
ဘုရားခန်း ရှိသည်။

ဘုရားခန်း နှင့် မျက်စာင်းထိုးတွင်
အခန်းတစ်ခန်း ရှိသည်။
ထို့နောက်မှာတော့ တံခါးဖွင့် ထားသည့် အခန်းထဲ ကနေ နမ်ဂျွန်း ထွက်လာသည်။

"အကို ..."

"အင်း နမ်ဂျွန်း"

"အကို့အတွက် ကုတင် ပြင်ပေးထားတယ်။
အကို့ အကျီတွေ ထားချင် ရင်
ကျနော့် ဘီရိုထဲ ထည့်လို့ ရတယ်။"

"အွန်း နမ်ဂျွန်း"

"မနက်က ဘာမှ မစားခဲ့ရဘူးထင်တယ်။
အကို ထမင်းစားတော့မလား။"

"နမ်ဂျွန်း ရော မစားသေးဘူးလား"

"ကျနော် အကိုနဲ့ မှ စားမယ်လေ။
အခု အကျီတွေ ကူထည့်ပေးမယ်။"

"အားနာစရာကြီး နမ်ဂျွန်း ရယ်။
အဲ့လောက်ထိ မလိုပါဘူး ။"

"အားမနာပါနဲ့ ဗျာ
ဧည့်သည်လို မနေပါနဲ့ အိမ်ရှင်လို နေပါ။
ပေါ့ပေါ့ပါးပါး ပဲ နေလို့ ရပါတယ်ဗျာ။
ကျနော်က အကို့ထက်ငယ်တာပဲ။"

"အင်း နမ်ဂျွန်း
ဒါဆို ဂျင် အိမ်ရှင် လိုပဲ နေမယ်နော်။"

"ရပါ့ဗျားး..."

"ဟီး..ဟီး.."

ဂျင် အထုပ်ထဲက အကျီ လေးတွေကို
ခေါက်ပြီး ပုံနေရင်းကနေ
စပ်ဖြီးဖြီး နှင့် တဟီးဟီး ထ ရီတာ ကို
နမ်ဂျွန်း က ခဏ စိုက်ကြည့်သည်။

"ကျနော် ပြောရင် အကို စိတ်ဆိုးလောက်မှာ"

ဂျင် ခေါက်ပြီး သား အကျီ လေးတွေကို
နမ်ဂျွန်း က
သူ့ဗီရိုထဲ ထည့်နေရင်း စကားလှမ်းပြောသည်။

I'm villager Onde histórias criam vida. Descubra agora