Part 4 💘💗

532 33 7
                                    

တကယ်တော့ ဝမ်ရိပေါ် ရှက်ရမ်းရမ်းကာ
အပြေးတစ်ပိုင်း ထွက်လာခြင်း ဖြစ်သည်။

~~~~~~~~~~ ~~~~~~~~~~~~~~~~~~

အဂါးနှင့် စီစဥ်ထားတယ့် အတိုင်း
သစ်ဆိုင်ကို သွားခဲ့သော်လည်း
အစောကြီး မို့ ဆိုင်ပိတ်ထားသောကြောင့်
လှည့်ပြန်ခဲ့ရသည်။

လမ်းမှာ လှပလွန်းသော အမျိုးသား တစ်ဦး
သူ့ဘေးကနေ ဖြတ်သွားသည်ကို
မျက်လုံးထောင့်စွန်းကနေ မြင်လိုက်ရသည် ။
ဖြူဝင်းသော အသားအရည်နှင့်
နဖူးတိ ဆံပင်ပျော့လေးများ၊
စင်းကော့နေသော မျက်တောင်ဖျားတို့က
အရည်လဲ့သော မျက်ဝန်းကို ဝန်းရံထားသည်။
နှာတံစင်းလေးအောက်မှာတော့ ရဲစိုနေသည့် နှုတ်ခမ်းပါး တစ်စုံ။

ဝမ်ရိပေါ် မျက်လုံး ပြူးကာ
ထိုသူကို လိုက်ကြည့်နေမိသည်။
တစ်သက်နဲ့ တစ်ကိုယ် ယောကျာ်း တစ်ယောက် က ဒီလောက်အထိ လှသည်ကို
မမြင်ဖူးသောကြောင့်လည်း ပါမည်။

အကျီအဖြူ လက်ရှည်နှင့်
ဂျင်းဘောင်းဘီ အဖြူရောင်ကို
ဝတ်ထားသော ထို အမျိုးသားငယ်သည်
မနက်စောစော နတ်သဘင်အစည်းအဝေး တက်မည့် နတ်သူငယ်လေး အလား ပင်။

မနက်စောစော ကတ္တရာ လမ်းမကြီး မှာ
သူ့ကို ကျောပေးကာ ထွက်သွားသော ထို သူ နှင့်
ဝမ်ရိပေါ်တို့ နှစ်ယောက်ထဲသာ ရှိသည်။

ဝမ်ရိပေါ် ကျောချမ်းသွားသည်။
ဒီ အမျိုးသား အလှက အန္တရယ် များလိုက်တာ။
သူ့စိတ်တွေ မယိုးမယွတွေကို ဖြစ်လို့။

မနေနိုင်သော ခြေထောက်က
ထို အလှတရားနောက်သို့
ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။

စျေးဝယ်စင်တာ ထဲ ဝင်သွားသော
ထို နတ်သူငယ်အလှလေး ရဲ့
ခြေလှမ်းတွေက ခပ်သွက်သွက်။
သူလည်း နောက်ကနေ ဝင်ခဲ့မိသည်။

ဘုရားစူးရပါစေရဲ့
ဝမ်ရိပေါ် မြို့မှာ
ကျောင်းလာတက်တဲ့ ၄ နှစ်လုံးလုံး
ဒီလို နေရာတွေကို ယောင်လို့တောင် ခြေဦးမလှည့်ချေ။
ဒီလူနှင့်တွေ့မှ သူလည်း ရာဇဝင်တွေကို ရိုင်းလို့။

ဒီလောက် မျက်စိဒေါက်ထောက် ကြည့်နေရင်းနဲ့မှ ပျောက်ဖြစ်အောင် ပျောက် သွားသေးသည်။

I'm villager Tempat cerita menjadi hidup. Temukan sekarang