Part... 11🖤💛

380 23 5
                                    

"အို တော်ဘုရားဉာဏ်နဲ့ စော်ဘွားဟန်နဲ့ မယ့်ကို ချစ်ကြိုးသွယ်...🎶🎼
မတရားတာမို့ အလကားပါဗျို့!!!
တို့မှာ အဖြစ်ဆိုးတယ်။🎵🎹
အစစ်မျိုးမှ ပြည်တန် ရတီမှန် ပတ္တမြား သို့နှယ်
တော်ဝင်သူရယ်....နန်းတော်လုံး သုံးကြတယ်။🎹🎹🎼"

"အစစ်နဲ့ ကွာခြား အတုမပမွှားကိုတော့
မသုံးစေချင်တယ်။!!🎤🎶🎼
လူ့ဖြစ်တုံးအရှုံးပဲကွယ်..။
ရာဇာခေါ်မလား ချစ်ရင်တကယ်!!!!!
ရာဇာခေါ်မလား ချစ်ရင်တကယ်🎤🎶🎼!!!
ငါသာ စော်ဘွား ဖြစ်ချင်တယ်။!!!
ဒေဝီလောင်းနဲ့ ပေါင်းနိုင်ပါစေကွယ်...🎵🎵🎹🎶!!!.။"

"ဟေ့ကောင်တွေ.!!!..ခုချက်ချင်း သီချင်းပိတ်စမ်း!!!"

"ဟာ သူကြီး လာပြီ!!
ဟေ့ကောင်တွေ လာဟ!!"

သူကြီး အသံ ကြားသည်နှင့် ရှိသမျှ ကာလသား လူပျိုတွေ ပြေးထွက်လာကြသည်။

မင်းတို့ ဘာ သီချင်း ဖွင့်နေတာလဲ""

"..."

"ဟ!!!!..မေးနေရင်ဖြေလေကွ!!!"

"ဟေ့ကောင် ကာရာအိုကေ ပိုင်ရှင် မင်း ဖြေလေ..!!"

"သီချင်း... ဖွင့်နေတာပါ..သူကြီး"

"တယ်.!!!.ငါ..ထိရိုက်လိုက်ရ !!
သီချင်း ဖွင့်နေမှန်းတော့ သိတာပေါ့
ဘာသီချင်း ဖွင့်နေတာလဲ လို့..!!.။"

"ဟို.!!..ဟို.."

"မင်းတို့ကို ငါ ဘာပြောထားလဲ
ဒီလို သီချင်း တွေ မဖွင့်ရဘူးလို့ ငါ မပြောထားဘူးလား ဟမ်..!!!.။
ကိုယ်ဖွင့်တဲ့ သီချင်းက ဘယ် အဓိပ်ပါယျ ရောက်နေလဲ ဆိုတာရော သိကြလား...။
ဟိုကောင် သတို့သား ဒယ်မြောင် ဘယ်မလဲ!!!။"

"ရှိပါတယ် သူကြီး
ကျုပ် ရှိပါတယ်!!"

"ရှိပါတယ် မလုပ်နဲ့ ။
မင်း အသက်က ကြီးလှပြီ
ဒီကောင် တွေ ကို ပြောမ ထားဘူးလား။"

"ကျုပ်က သူတို့ တွေ ပျော်ပါစေ ဆိုပြီး ခဏ လွှတ်..."

"အပျော်ကနေ အပျက်ဖြစ်သွားတယ့်
ကိစ္စတွေ ရှိခဲ့ဖူးတယ် ဆိုတာ
သူတို့ မသိရင်နေ မင်းတို့ တွေတော့ ကောင်းကောင်း သိတယ် မဟုတ်လား!!"

"ကျုပ်တို့ နောက်မဖြစ်စေရပါဘူး သူကြီး။"

"အေး ဘာမှ မသိတဲ့ ကောင်တွေ၊
ကျန်တယ့် ကာလသား ပေါက်စတွေရော ၊ လူပျိုမဖြစ်တဖြစ်တွေရော ငါ ပြောပြမယ်။!!
ငါတို့ ရွာရဲ့ ဘေးပတ်လည်မှာ တောင်တန်းတွေ ပဲ ရှိတယ်။
အဲ့ဒီ တောင်တန်းတွေမှာ အုပ်ချုပ်ခွင့်ရ စော်ဘွား ဒေသတွေ အများကြီး ပဲ။
ဒီရွာကို စအုပ်ချုပ်တုန်းက ငါ့ အသက် ၂၅ နှစ် ။
မဂ်လာပွဲ တစ်ခုနဲ့ သွားဆုံတယ်။
အေး အဲ့မှာ ဒီလိုပဲ တောင်ပေါ်သူ၊ ဟော်နန်းကေသီ တွေ တောင်ပေါ်ဒေဝီ တွေ အကြောင်း  ဖွဲ့ထားတဲ့ သီချင်းတွေ ဖွင့်တယ်.."

I'm villager Donde viven las historias. Descúbrelo ahora