Part.. 12💟💚

332 19 2
                                    

"ပြေးဟ...ဟားး..ဟားးဟား"

"ဟား..ဟား.."

"တော်တော် မှ ပျော်ကြရဲ့လား..ဟမ်"

အကိုနမ်ဂျွန်း ကို စနောက်ပြီး အော်ရီ ကာ
ဖုန်တထောင်းထောင်း ထအောင် ပြေးလာသော ဝမ်ရိပေါ် တို့ တန်းလျားခုံမှာ ထိုင်နေသော အဘ အသံ ကြားမှ ရီတာ ရပ်ကြတော့သည်။

"အဘက ဘယ်လိုလုပ်..."

"အဘက ဦးလေးကင်မ်တို့ နဲ့ ရှိနေတာ မဟုတ်ဘူး လား။"

"ဘာကွ
ငါ သတို့သား အိမ် သွားတယ့် လမ်းကနေ လှည့်ပြန်ပြီး အိမ်ပြန်ရောက် နေတာ ကြာလှပြီ။
မင်းတို့ ပတ်ဝန်းကျင် ကို ဂရုစိုက် မှု အတော် အားနည်းတဲ့ ကောင်တွေပဲ။
လူတစ်ယောက် လုံး ပျောက်နေတာကို သတိမထားမိကြဘူး။
ပြန်ရောက်ရောက်ချင်း ငါ့မှာ မနားရဘူး။
မင်းတို့ မွှေတဲ့ ကိစ္စ ကို ဖြေရှင်းရသေးတယ်။"

"အဘ ကလည်း ဗျာ
ကျုပ်တို့ ပြောတာ ဘယ်နေရာ မှားလို့လဲ။
နည်းနည်းပဲ လွဲသွားတာ။"

"ဆရာလေးက ဒီကရွာသူတွေ ထက် ပိုချောပိုလှတာလည်း အမှန်ပဲ။
အကို နမ်ဂျွန်း က မဟားတရား တွေ ဂရုစိုက် နေတယ် ဆိုတာလည်း အမှန်ပဲ။
သူတို့ ခိုးပြေးပြီး မညားသေးတာပဲ လွဲနေသေးတာ။"

"တယ်..ငါ ထရိုက်လိုက်ရ
ဆရာလေး နဲ့ နမ်ဂျွန်း က ယောကျာ်း လေးတွေ။
ညားလို့ ဖြစ်မလားကွ။
စကားကို ပေါ့ပေါ့တန်တန် ပြောတက်တယ့် အကျင့်ကို ပြင်ကြစမ်း။
သွား လုပ်စရာ ရှိတာ သွားလုပ်ကြတော့။
ငါ ရွာဦး  ဘုန်ကြီးကျောင်း ခဏ သွားလိုက်ဦးမယ် ။"

"ဟုတ်ကဲ့"

အဘ ထွက်သွား တော့
ဝမ်ရိပေါ် ရော ၊ မင်ယွန်းဂီ ရော အိမ်ရှေ့ မှာ
နှီးဖျာနေကြသည်။...

ထိုအခိုက်...

ဝှီးး..!!!..ဖတ်.....!!!

"ဟ... ဘာကြီး တုန်း!!!"

မင်ယွန်းဂီ က ပြောပြောဆိုဆို နှင့် သူ့ရှေ့ နား ရောက်လာသည့် အရာကို  ဖိနပ်နဲ့ လှမ်းကန်တော့...
ဝမ်ရိပေါ် က အလန့်တကြား ထအော်သည်..။

"စောက်ကျိုးနည်း.!!.. ဘော်လီ ကြီး  ကွ...။!!"

"ဟာ...၃ ထည်တောင်!!"..

I'm villager Donde viven las historias. Descúbrelo ahora