Part 3 💚❤

592 37 4
                                    

ကျန့်ကျန့် တစ်ယောက်
ပုကျိ ကို အနီးနားက Mini store ထဲ မှာ
စျေးဝယ် ရင်း စောင့် နေလိုက် သည်

လိုအပ်တာတွေ အကုန်ဝယ်ပြီး ပေမယ့် ပြသနာ က
မုန့်တန်းရောက်မှ စတာပင်...။

အရပ်ရှည်ရှည် အသားဖြူဖြူ နဲ့ လူတစ်ယောက်..
လူက တောဆင်တွေ ဝတ်ထား တော့ သေချာ ပေါက် တောသားနေမှာ ။
သူဝယ်မယ့် မုန့်တန်းရှေ့ ပိတ်ရပ်ကာ မုန့်ရွေးနေခြင်း..

"အဟမ်းး!!!"

"အဟမ်း!!!"

"!!အဟမ်း အဟွတ် အဟွတ် !!"

နောက်ကနေ အသံမျိုးစုံ ပေးနေတာ
လည်ချောင်းကွဲတော့မည်။
ထိုတောသားက
ယောင်လို့တောင် လှည့်မကြည့်။
ကြာတော့ လူက စိတ်မရှည် တော့ဘူး။

"ဒီမယ် ဗျ
မဝယ်ရင်လည်း ဖယ်ပေးပါဦး..
ကျနော် အဲ့မုန့် ယူမလို့"

"မဝယ်ဘူး လို့ ကျုပ်ပြောမိလို့လား..။"

နောက်ကို လှည့်ကြည့်လာတဲ့
ထိုလူက ခပ်ချောချော ရုပ်ရည် နှင့်
မာနကြီး မည့် ပုံစံ မျိုး
သူ့ဘာသူ မာနကြီး ကြီးကြီး ဘာကြီးကြီး
ကျန့်ကျန့် တို့က ဂရုမစိုက်ပေါင်
မုန့်မဝယ်ဘဲ ပေရှည်နေသည့် ထိုတောသား ကို
တစ်ချက် လောက် အော်ပြစ်လိုက်မှ ပါ ။

"အဲ့တာဆို မဝယ်ဘဲ ဘာလို့ အကြာကြီး စိုက်ကြည့်နေတာလဲ..
နောက်မှာ တခြားဝယ်မယ့်သူတွေ ရှိတယ် ဗျ.."

"ရော်..ခက်ပြီ...
ကျုပ်ဘာသာ တနေကုန်
ထိုင်ကြည့်ကြည့် အဲ့တာ ခင်ဗျား နဲ့ ဘာဆိုင်တုန်း..
မစောင့်နိုင်ရင် တခြားမုန့် စားလေ..
ဒီမုန့် စားရမှ လား.."

"ခင်ဗျား လူမှုရေး.နားမလည်လို့လေ..
အဲ့မုန့်ပဲ စားချင်လို့
စောင့်နေတာ ၅ မိနစ် မကတော့ဘူး..။
ခင်ဗျား မုန့် မမြင်ဖူးရင် ဝယ်ပြီး
တနေရာ သွားထိုင်ကြည့်ပါလား...
မသိရင် သူ့ပဲ
ဒီက လိုက်ကြည့်နေတာ လိုလိုနဲ့...ဖြစ်ရမယ်.. ။"

"ယောကျာ်း လေး သာ ဆိုတယ်
ခင်ဗျား အတော် စွာတာပဲ.."

"စွာတော့ ဘာဖြစ်လဲ
ကိုယ့်ပါးစပ် နဲ့ ကိုယ် စွာတာ ခင်ဗျား ကို ပိုက်ဆံ ပေးနေရဦးမှာလား..
ဘယ်လိုလူလဲ မသိဘူး"

I'm villager Donde viven las historias. Descúbrelo ahora