"အာဝူးး....ဝူးးး..အာဝူးးး!!"
"အကိုကြီး ခွေးတွေ အူနေပြီ။
ဟိုလူတွေ လာခြောက်တာလား မသိဘူး။
လုပ်ပါဦး ကျနော် ကြောက်တယ်။""မင်း ယောကျာ်း မဟုတ်ဘူး လား။"
"ယောကျာ်း ပေမယ့်လည်း ကြောက်တယ်ဗျ။"
"ဟေ့ကောင် ဘယ်တက်တာတုန်း။"
"အောက်မှာ နေရင် သရဲ ဆွဲမှာ စိုးလို့ ။"
"ကျစ်
မင်း ကောက်ရိုးပုံ ပေါ် တက်တော့ရော
သရဲ က မဆွဲဘူးလို့ ပြောလို့လား။""ဟာဗျာ.. ကြောက်ပါတယ် ဆို နေစရာ မရှိ အောင် လုပ်နေပြန်ပါပြီ။"
"ငါ တစ်ယောက်လုံး ရှိနေတာ ကို မင်းက ဘာကြောက်နေတာတုန်း။
ဟိုကောင်တွေ လို ခြံပြင်မှာ ကင်းစောင့် ချင်လို့လား။""မစောင့်..မစောင့် ချင်ပါဘူး။"
"အေး မစောင့်ချင်ရင် ဒီနားမှာ ငြိမ်ငြိမ်ထိုင်နေ။"
".အကိုကြီး က ဘယ်သွား မလို့လဲ
ကျနော် လည်း လိုက်မယ်။""မင်းနဲ့ တော့ ခက်တာပဲ။
နမ်ဂျွန်း ဆီ သွားမလို့ ဘာလိုက်လုပ်မှာလဲ။
အိမ်ရှေ့နဲ့ အိမ်နောက်ကို ဘာတွေ အဲ့လောက် ကြောက်နေတာတုန်း။""မသိဘူးဗျာ ကျနော် လည်း လိုက်မယ်။"
"အေး လိုက်ချင်ရင် လိုက်ခဲ့ ။
အသံ တော့ မထွက်နဲ့ သူကြီး သိရင် ထိတ်တုံး ခတ်ခံရမယ် ကြားလား ။""ဟုတ်ကဲ့ ဗျ။"
အရှေ့ရောက်တော့ နမ်ဂျွန်း က တန်းလျားခုံပေါ်မှာ ထိုင်နေသည်။
"ဟင်းးး...!!!"
"သက်ပြင်း တွေ ချလှချည်လား ကိုယ့်လူရ။"
"ကျနော် အကို့ကို သွားတွေ့ချင်တယ်ဗျာ။
ကျနော့် အပြုအမူတွေ က ရိုင်းသလို ဖြစ်သွားလို့ တောင်းလည်း တောင်းပန်ချင်တယ်။""သွားတွေ့ချင် တွေ့ပေါ့ကွ။
ဘာခက်တာ လိုက်လို့။
သူကြီး က ဒီအချိန် အိပ်ပြီလား။""အခုချိန် အဖေ အိပ်လောက်ပါပြီ
အကိုက မနိုးသေးလောက်ဘူး။
ကျနော် အခု အပေါ်တက်ကြည့်လိုက်ရမလား
အကို မင်ဟွန်း ။"
![](https://img.wattpad.com/cover/276505649-288-k639868.jpg)
YOU ARE READING
I'm villager