"မဂ်လာပါ မရီးး!!!....."
"အားး!!!...နမ်ဂျွန်းရှီ... !!"
"ဒုန်းး!!! ဂလွမ်းး!!!"
နမ်ဂျွန်း နဲ့ အတူ ထမင်းစားဖို့
လက်ဆေးဇလုံလေး သယ်လာနေတုန်း ရှိသေးတယ်..။
နောက်က အော်ပြဲပြီး နှုတ်ဆက်သံကြီးကြောင့်
ဂျင် တကယ် လန့်သွားသည်။
ဇလုံတွေရော ၊ ဇလုံထဲက ရေတွေပါ မှောက်ကျပြီး
ဂျင် လည်း ရေစိုကုန်သည်။
နောက်လှည့်ကြည့်မိတော့ ...
မနက်က တွေ့ခဲ့ သည့် သူကြီးသား နှစ်ကောင် ။
ခေါင်းမှာလည်း ကောက်ရိုးစတွေရော ၊ ပင့်ကူမျှင်တွေရော ရှုပ်ပွနေတာပဲ။
"မရီးးက အရမ်း အော်တာပဲ"
"ဟုတ်ပ နားတောင် အူတယ်"
မရီး???..ဘာတုန်း သူ့ကို ခေါ်နေတာလား
အဲ့ မရီးဆိုတာ။
ဇွတ် ကို ပေးစားပြီး
နမ်ဂျွန်း မိန်းမ လုပ်ခိုင်းနေသောကြောင့်
သူ ဒီ နှစ်ကောင် ကို တကယ် လန့်ပါသည်။
"နမ်ဂျွန်း ရေ...လာပါဦး
အဟင့်...နမ်....."
"မိန်းကလေး မဟုတ်ဘူး ပဲ... ။
ယောကျာ်း လေး ပဲ....
အံ့သြစရာကြီး!!...."
သူ့ကို ဝိုင်းစပ်စုနေကြသော ထို နှစ်ကောင် ကို တဖြည်းဖြည်း ကြောက်လာသည်။
တော်ကြာ မိန်းကလေး မဟုတ်ဘူး ဆိုပြီး
ဟိုကိုင် ဒီကိုင် လုပ်လိုက်မှ ဖြင့် အဟင့် မဖြစ်ဘူး။
"အဟင့်!!..ဂျွန်းး!!"
ဝမ်ရိပေါ် နည်းနည်းတော့ ကြောင်သွားသည်။
အကို နမ်ဂျွန်း က ယောကျာ်း လေး
ကြိုက်တာလား။
ဒါနဲ့ သူတို့ ညီအကို ကိုလည်း
တစ်ခါမှ မပြောဖူးပါဘူး။
အေးလေ နှလုံးသားရေး ကိစ္စ ပဲ ဟာ
လူတိုင်း လိုက် ပြောစရာ မှ မလိုတာ။
ဒါနဲ့ သူတောင် ကြိုက်လို့ ခိုးပြေးလာတာပဲ။
ငါလည်း ဘာလို့ မကြိုက်နိုင်ရမှာလဲ။
ငါကလည်း ဘာလို့ ခိုးမပြေးနိုင်ရမှာလဲ။
နေပါဦး ငါကရော ဘယ်သူ့ကို
ကြိုက်လို့ ဘယ်သူ့ကို ခိုးပြေး......။
မျက်လုံး ထဲ ကျန့်ကို ပြေးမြင်မိတော့ ....ဟာ။
"ဟေ့ကောင် ပေါ်ကြီး မင်းနားတွေ ရဲတွတ်နေတာပဲ။
ငှက်ပျော်ခိုင် ခုတ်ရင်း အကောင်ကိုက်ခံရတာလား။"
YOU ARE READING
I'm villager