Part 7❤💘

453 23 8
                                    

ဖရဲသီး နဲ့ တခြား အသီးအနှံ တွေ ကို မီးဖိုချောင် ထဲ သွားထည့်ပြီး ပြန်လာတော့ အရီးလေးက
သူ့ကို သေချာ ကြည့်ပြီး

"ဆရာလေး အရင်ဘဝက ကောင်းမှု ကုသိုလ်တွေ တော်တော်များများ လုပ်ခဲ့တယ် ထင်တယ်။
ဆရာလေး ရုပ်ရည်ရူပကာကိုမြင်လိုက်တာနဲ့
မချီးကျူးဘဲကို မနေနိုင်ဘူး။
အသားအရည်လေးများ လှချက်တော်။"

"မဟုတ်တာ အရီးလေး ရယ်။
သား အဲ့လောက်လည်း မဟုတ်ပါဘူး
မြို့က တိုက်ခန်းတွေ ဆိုတော့
ဘယ်မှ မသွားရ မလာရ လို့ ဖြူတာပါ။"

"ကိုယ့်ကိုကိုယ် မနှိမ့်ချပါနဲ့ ဆရာလေးရယ်။
အရိပ်ထဲ နေတဲ့ သူတိုင်း ဆရာလေးလိုမှ မဟုတ်တာ။"

ဂျင် ချီးကျူးတာ ကို မနေတက်သောကြောင့်
ပြုံးပဲ ပြုံးလိုက်တော့သည်။

"နမ်ဂျွန်း ဒါဆို ငါတို့ ပြန်ပြီ။
ညနေ ကြမှ တွေ့မယ်။"

"ဟုတ်ကဲ့ ဦးလေးလီ ။"

"အရီးလေး ပြန်တော့ မလို့လား။
သားက စကားပြောချင် သေးတာကို...။"

"ကဲပါ ဆရာလေးရယ်
ကလေးကျနေရော...အရီးလေးတို့အိမ်ကို
နောက်နေ့ နမ်ဂျွန်း ကို လိုက်ပို့ခိုင်းလိုက်။
ဆရာလေး ကြိုက်တဲ့
အသီးတွေ အရီးတို့ ခြံမှာ ရှိတယ် ။"

"ဟုတ်...နောက်နေ့လာခဲ့ပါ့မယ်။
... ဒါဆို ဂရုစိုက် ပြန်ပါဗျ။"

"အကို"

"ဟင်..."

"အကို ဘာအသီးအနှံကြိုက်လဲ။"

"အင်း...စားလို့ရသမျှ အသီး
အကုန်ကြိုက်တယ်..ဟီးဟီး ။"

"ဒါဆို ပဒိုင်းသီးရော.."

"ပဒိုင်းသီးက ဘာကြီး လဲ ။
စားရတာလား နမ်ဂျွန်း
သူ့နာမည် က ဆန်းတယ်နော်။"

"ဟား..ဟား..ဟား..အကိုရာ!!
ပဒိုင်းသီး စားမိရင် ရူးတာ။
အကို တကယ် မသိဘူးပေါ့။"

"သြော်..နမ်ဂျွန်း ရှီ...!!
ဒီက အကောင်း မှတ်လို့ နားထောင် နေတာ။
အဲ့ အသီးကို ကိုယ့်ဘာသာကိုယ် စားလိုက်
ဟွန့်..အကျင့်ကို မကောင်းဘူး ။ "

"အကျင့်ကောင်းပါတယ်ဗျာ ။
အကို့ကို စတာပါ။"

နှာခေါင်းရှုံ့ကာ ဟိုဘက်လှည့်သွားပြီးမှ
နမ်ဂျွန်း တက်တူးတွေကို အနီးကပ် စပ်စုဖို့ အာရုံရသွားသည်။

I'm villager Onde histórias criam vida. Descubra agora