ဟိုဘက်ရွာ တွင်လည်း
ဝမ်ရိပေါ် နှင့် မင်ယွန်းဂီ တို့ မွှေထားသော
အမွှေဇယားကြောင့်
ရွာမှ ရှိရှိသမျှ လူအကုန် ထွက်စောင့်နေကြသည်။အပျိုများက ထိပ်ဆုံးက ။
သူကြီးသား ခိုးလာသော မြို့သူကို
ကြည့်ချင်နေကြသည်မှာ
အောင်စာရင်း ထွက် တာကို
စောင့်နေရသည့် အတိုင်း ရင်တမမနှင့်။ကျောင်းဆရာ ကို သွားကြိုတာပါ လို့
နမ်ဂျွန်း အဖေ သူကြီး ကိုယ်တိုင် ပြောလည်း မရ။
ရွာဟိုဘက်ခြမ်းက သူကြီးသား နှစ်ကောင် အပြင်
တခြားလှည်း ၃ ၊ ၄ စီးပါ မြင်သွားသောကြောင့်
ဘယ်လို ရှင်းပြရှင်းပြ ဘယ်သူမှ မယုံ။ထို့အပြင်
ဒီသတင်းကို သိသည်မှာ
၆ ယောက်လောက်သာ ရှိပြီး
၄ ယောက်က ယာထဲ ဆင်းသွားကြသောကြောင့်
အခု သူကြီး မှာ တစ်ယောက် ထဲ
တိုင်ပတ်နေခြင်း ဖြစ်သည်။ခါတိုင်း သူတစ်ခွန်း ဆို တစ်ခွန်း ၊
တိတ်ဆို တိတ်သည့်
သူ့ရွာက အခုတော့
သူ့ပါ ထိပ်တုံး ခတ်မည့် ပုံစံ ပင်။မနက်အစောကြီး လွှတ်လို့ ဆိုပြီး ပွစိပွစိ ဖြစ်နေကြသော အပျိုတွေက တစ်မျိုး၊
အခုချိန်ထိ ပြန်မလာသေးလို့
မြို့တက်ဖို့ စိုင်းပြင်းနေသည့် အုပ်စု က တစ်မျိုးနှင့်တော်တော်ဖြစ်နေကြသည့်
အမျိုးကောင်းသမီးများပင်။
ဆူညံပွက်လောရိုက်နေသည်မှာ
ကုလားသိုက်ထဲကျားဝင်ကိုက် သည့် အတိုင်း ။ခဏအကြာ....
ဖုန်လုံးကြီးတွေ တလှိမ့်လှိမ့်ကြားထဲမှ
တံခွန် အနီ ရောင် ပါသည့်
နမ်ဂျွန်း လှည်း က ပေါ်လာတော့သည်။နမ်ဂျွန်း လှည်းကို မြင်သည်နှင့်
ဆူညံနေသည့် အုပ်စုမှာ
မီးကို ရေနှင့် ငြိမ်းလိုက်သည့်အတိုင်း
ငြိမ်သက်သွားကြသည် ။နမ်ဂျွန်း အဖေကတော့
သူ့သား ပါဝါ ကို အံ့သြ နေသည်။လှည်းမောင်းလာသော
နမ်ဂျွန်း က ခပ်ပြုံးပြုံးပင်။
လူအုပ်ကြီး ကို မြင်သောအခါ
ရုတ်တရတ် ကြောင်သွားသည်။သူ့အဖေကို လှမ်းကြည့်တော့
စိတ်ဆင်းရဲ နေသည့် ရုပ်နှင့် ထိုင်နေသည်။
သူ အပြင်သွားတုန်း ဘာများ ဖြစ်ကြလို့လဲ မသိ။
အဘ နှစ်လုံးပြူး အခိုးခံ ရလို့ များလား။
နှစ်လုံးပြူး= သေနတ်။
မင်ယွန်းဂီ နှင့် ဝမ်ရိပေါ် တို့
လက်ချက် ဆိုတာကိုတော့ မေ့နေသည်။
KAMU SEDANG MEMBACA
I'm villager