Part...17🍁💛

305 15 17
                                    

"နမ်ဂျွန်း ပြန်ရောက်နေတာလား"

"ဟုတ် ဟုတ်တယ် သူကြီး။"

"ဘယ်ရောက်နေလဲ!! အဲ့ကောင်။
အပေါ်မှာလား။"

"မဟုတ်ပါဘူး ကျူပ်မတွေဘူးရယ် သူကြီး။
နောက်ဖေးရှိမယ် ထင်တယ် ဗျ။"

"ဟမ့်..!! ၇ နာရီကျော်ပဲ ရှိသေးတာကို
အစောကြီး ပြန်လာတယ်။
မှာသမျှ ပစ္စည်း အစုံမပါရင် ထိတ်တုံး စာမိမယ်မှတ်
ကင်မ်နမ်ဂျွန်း။"

ပြောရင်းဆိုရင်းနှင့် သူကြီးက နောက်ဖေးထွက်သွားသည်။
မာန်တာဆူတာက နမ်ဂျွန်းကို ပေမယ့် ကြားထဲက
ကျန်တဲ့ ကာလသားတွေ နှင့် ထိတ်တုံးစာမိထားသည့် သတို့သားလောင်းကတော့
နမ်ဂျွန်း အစား ကျောချမ်းနေပြီ ဖြစ်သည်။

နမ်ဂျွန်း သူ့အဖေအသံ ကြားကတည်းက
ခုန်ချထားသောကြောင့် ကျွတ်မလိုဖြစ်နေသော ပုဆိုးကို ကပျာကယာဝတ်ကာ လက်ထဲမှာ လွှတစ်ချောင်းပါ အသင့်ယူထားလိုက်သည်။
ထို့နောက်..

"အဖေ ကျနော် ပစ္စည်းတွေ အကုန်ဝယ်လာတယ်။
နောက်ဖေး စပါးကျီ ပြင် ဆောက်ပြီးရင်
ကျနော် အကို့ ဆီ သွားတွေ့မယ် ။"

"မင်း ယောကျာ်းပဲ ။
ကိုယ့်စကားကိုယ် တည်ပါစေ။
ဖြစ်ခဲ့တဲ့ ကိစ္စတွေကိုထပ်မပြောချင်ဘူး။
နောက်တစ်ခါ အဲ့လိုအမှားမျိုးဖြစ်ရင် မင်းကို ငါကိုယ်တိုင် ၃လ ထိပ်တုံးခတ်မယ် ကြားလား ။"

"ဟုတ်ကဲ့ နောက်တစ်ခါ မရှိစေရပါဘူး။"

"အေး "

သူကြီးထွက်သွားတော့မှ ပြတင်းပေါက် နားမှာ
ရောက်နေသည့် ဂျင်က နမ်ဂျွန်းကို လှမ်းကြည့်မိတော့သည်။
ဒီလောက် အမြင့်ကြီးကို ဘယ်လိုများ ခုန်ချတာပါလိမ့်။
သူဆိုရင်တော့ ခြေထောက်ကျိုးလောက်ပြီ။

ဂျင်က စိုးရိမ်နေပေမယ့်
နမ်ဂျွန်း ကတော့ ကောက်ရိုးပုံနားကနေ
သူ့ကို လှမ်းရီပြနေသည်။
ဂျင်က ဒီတိုင်းလေး ကြည့်နေမိတော့.. နမ်ဂျွန်း က

"ကျနော် ခဏနေရင် အကို့ကို တရားဝင်လာတွေ့မှာ။
ပြတင်းပေါက် က လေစိမ်းတိုက်တယ်အကို
ကုတင်ပေါ်ထိုင်နေ..နော်။
ခဏနေ ကျနော် လာခဲ့မယ် ။"

I'm villager Donde viven las historias. Descúbrelo ahora