Part - 1

3.5K 153 9
                                    

[Unicode]

City Lights

ခန့်ညားလှသော ငွေမင်ရောင်ဆိုင်းဘုတ်လေးကို တပ်ဆင်ထားသည့် ၅ထပ်အဆောက်အအုံရဲ့ ကားပါကင်ရှိရာသို့ ချန်ယောလ်ကားကို ကွေ့၀င်လိုက်ပြီး နေရာလွတ်တွင် ထိုးရပ်လိုက်သည်။

ဘေးကလွယ်အိတ်ကို ဆွဲယူပြီး ချန်ယောလ်ကားပေါ်ကဆင်းလိုက်တော့ အပြေးလာနေတဲ့ အစောင့် ဦးလေးကြီးကို မြင်လိုက်ရတာကြောင့် မျက်ခုံးပင့်လိုက်မိသည်။

ဘာကြောင့်ဆို အစောင့် ဦးလေးကြီးက သူ့ဆီပြေးလာနေသည်လေ။

" ဒီနေရာက သီးသန့်နေရာပါ ကောင်လေး "

ချန်ယောလ် ပါကင်ထိုးတဲ့နေရာကို လက်ညိုးထိုးပြီးပြောလာတဲ့ အစောင့်ဦးလေးကြီး။

" ဒါပေါ့ ကျွန်တော့အတွက် သီးသန့်လေ "

ကော်လံလေးကို သေချာပြန်ပြင်ရင်းပြောလိုက်တဲ့ ချန်ယောလ်က ရောက်နေတဲ့ ကုမ္ပဏီရဲ့ CEO လိုလို။

" Boss လာမယ့်အချိန် ရောက်နေပြီကွ "

" လာပါစေပေါ့ ကျွန်တော် နောက်ကျနေပြီ သွားတော့မယ်နော် "

အစောင့် ဦးလေးကြီးကို ထားခဲ့ပြီး ချန်ယောလ် ကုမ္ပဏီထဲ၀င်ရန် လုပ်လိုက်သည်။

" မရဘူး ကောင်လေး ... အဲ့ဒါ Boss ကားထားတဲ့နေရာ မင်းကားကိုအခုလာဖယ် "

အတင်းကိုဆွဲခေါ်ပြီး နေရာရွှေ့ခိုင်းနေတဲ့ဦးလေးကြီးကြောင့် ချန်ယောလ်စိတ်မရှည်ဖြစ်လာကာ လက်ကို ဆောင့်ရုန်းလိုက်ပြီး အင်္ကျီကို သေချာပြန်လုပ်လိုက်ရင်း ဘောင်းဘီအိတ်ကပ်ထဲက ပိုက်ဆံတစ်ရွက်ကိုထုတ်ကာ ဦးလေးကြီးလက်ထဲ ထည့်ပေးလိုက်သည်။

" ကျွန်တော်နောက်ကျတော့မှာမို့ ဦးလေးရွှေ့လိုက်တော့ "

" ကားသော့ပေးလေ "

" အာ ... ရော့ "

အစောင့်ဦးလေး လက်ထဲပိုက်ဆံပေးပြီး ထွက်သွားတဲ့ချန်ယောလ်က ကားသော့တောင်းသံကြောင့် ပြန်လှည့်လာပြီး လက်ထဲမှ ကားသော့ကို လှမ်းပစ်ပေးလိုက်သည်။

ပစ်လိုက်တာအရှိန်နည်းနည်းလွန်သွားတာ​မို့ သော့ဟာ အစောင့်ဦးလေးလက်ထဲ မရောက်ပေ။ အောက်ပြုတ်ကျတော့မည့်ဟု ချန်ယောလ်ထင်လိုက်ချိန်တွင် သော့ကလေးဟာတစ်စုံတစ်ယောက်ရဲ့ ဖမ်းယူခြင်းကို ခံလိုက်ရသည်။

S T A Y ( Completed )Where stories live. Discover now