[Unicode]
အဝတ်အစားယူလာဖို့မေ့သွားတာကြောင့် Bathrobe ဝတ်ပြီး ရေတွေကျနေဆဲဖြစ်တဲ့ ဆံပင်တွေကိုသုတ်ရန် သဘတ်ကိုခေါင်းပေါ်တင်ကာသာ ရေချိုးခန်းထဲမှ ချန်ယောလ်ထွက်လာခဲ့သည်။
" Boss ကျွန်တော်တို့ ..."
" ချန်ယောလ် ခဏ ! "
စိတ်ဆိုးနေတဲ့အသံကြီး !!!!!!
ချန်ယောလ်စကားကိုဖြတ်ပြောတဲ့ နဂါးလေးရဲ့ အသံက ခပ်မာမာဖြစ်နေတာကြောင့် ချန်ယောလ် မျက်နှာပေါ်အုပ်နေတဲ့ သဘတ်ကို အမြန်ဖယ်ပြီး နဂါးလေးအား ကြည့်လိုက်ရသည်။
သူ ဘာလုပ်မိလို့ နဂါးလေးက အခုလို စိတ်ဆိုးနေတဲ့အထိ ဖြစ်သွားရတာလဲ!
သို့သော် ချန်ယောလ်ထင်သလို နဂါးလေးက ချန်ယောလ်ကို စိတ်ဆိုးနေတာမဟုတ်ဘဲ Laptop ကနေ မနေ့က ရိုက်ခဲ့သည့်ပုံများကို စစ်နေရင်း မှားယွင်းနေသည်များအား တွေ့တာကြောင့် စိတ်တိုနေခြင်းဖြစ်ပါသည်။
" ပတ်ခ်ချန်ယောလ် မနေ့က ဘယ်လိုတွေ မင်းတို့ အလုပ်လုပ်ခဲ့ကြတာလဲ ... ပုံတွေက တစ်ပုံဆို တစ်ပုံမှ အဆင်မပြေဘူး ! တစ်ချို့ကကြ ရှူ့ထောင့် မှားနေတယ် ... တစ်ချို့ကကျ အလင်းရောင် အဆင်မပြေဘူး ... ပြီးတော့ Model ကောင်လေး ပြင်ထားတဲ့ Make-up look ကလည်း ငါ ပြောထားတဲ့ look မဟုတ်ဘူးနော် ... ဒီ Model ကောင်လေးရဲ့ မျက်နှာပုံစံကလည်း အခု Concept နဲ့ လုံးဝ လိုက်ဖက်မှု မရှိဘူး ! ကမ်းခြေမှာရိုက်တဲ့ ပုံတွေက လန်းဆန်းတက်ကြွနေရမဲ့ ပုံတွေဖြစ်ရာမှလေ ... အခုဟာက ကျစ် ! "
မျက်မှောင်ကြုတ်ပြီး တစ်ချက်မနားပြောသွားတဲ့ ဘတ်ခ်ဟျွန်းက ချန်ယောလ်ကို မော့ပင်မကြည့်။
မျက်နှာလေးငယ်ကျသွားတဲ့ ချန်ယောလ်တစ်ယောက်ကတော့ မနေ့က တစ်စက်ကလေးမှ အချိုးမပြေတဲ့ ဂျွန်ဝူး သူငယ်ချင်းဖြစ်သူ Model ကောင်လေးအား စိတ်ထဲ အမှုန့်ကြိတ်နေလေသည်။
" ငါပြောနေတာ ကြားလား ပတ်ခ်ချန်ယောလ် "
ဘယ်လိုတွေဖြစ်လို့ ဒီလိုမျိုးအဆင်မပြေတဲ့ ပုံတွေ ထွက်လာရတာလဲ ဆိုတဲ့ မေးခွန်းရဲ့အဖြေကို သူတာဝန်ပေးထားတဲ့ ချန်ယောလ်ဆီကပဲ ဘတ်ခ်ဟျွန်း လိုချင်တာကြောင့် Laptop ပေါ်က အကြည့်တွေကို သူ့ရှေ့မတ်တပ်သာရပ်နေပြီးဘာမှ ပြန်မဖြေတဲ့ ချန်ယောလ်ဆီသို့ ပို့လိုက်ရသည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂