[Unicode]
အေးစိမ့်စိမ့် ညချမ်းအချိန်မှာ နွေးထွေးမှုတွေနဲ့လွှမ်းခြုံခံထားရတဲ့ ဘတ်ခ်ဟျွန်းဟာ ပက်လက်အနေအထားလေးနဲ့ သူ့ကို ရင်ခွင်ကျယ်ကြီးဖြင့်အုပ်မိုးထားတဲ့ ချန်ယောလ်အား ခပ်ပြုံးပြုံးလေးကြည့်နေလေသည်။
" ချန်ယောလ်လီ ... "
" ရှုးးးးး "
လက်ညိုးနဲ့သူနှုတ်ခမ်းကို ထိကပ်ကာ အသံတိတ်စေသူက တဖြည်းဖြည်း သူ့အနားတိုးကပ်လာတာမို့ ဘတ်ခ်ဟျွန်း မျက်လုံးတွေ မှိတ်ချလိုက်သည်။
သို့သော်ထင်ထားသလို နှုတ်ခမ်းတွေပေါ် ချန်ယောလ်က ထိကပ်မလာတာကြောင့် မျက်လုံးကို အသာပြန်ဖွင့်ကြည့်တော့ သူ့မျက်နှာနဲ့အနီးကပ်ဆုံးရှိနေတဲ့ ချန်ယောလ့်နှုတ်ခမ်းတွေက ပြုံးသွားသည်။
" ချန်ယောလ်လီကွာ "
" အဟား "
" ရာ ... "
ထရယ်တဲ့ ချန်ယောလ်ကို ဘတ်ခ်ဟျွန်းရန်စွာမလို့လုပ်လိုက်ပေမဲ့ ပါးပြင်ပေါ် မထိတထိ နမ်းရှိုက်လာတဲ့သူကြောင့် အသံတိတ်သွားရပြန်သည်။
" ချန် "
တဖြည်းဖြည်း တုန်ယင်လာတဲ့သူကိုယ်လေးနဲ့ တဒိန်းဒိန်းအခုန်မြန်လာတဲ့ နှလုံးသားငယ်ကို ဘတ်ခ်ဟျွန်း ထိန်းမရတော့သည့်အကြောင်းရင်းက သူ့ရဲ့ညဝတ်အင်္ကျီအောက်သို့ တိုးဝင်လာပြီး ကျောပြင်ကို ပွတ်သပ်လာတဲ့ ချန်ယောလ်ကြောင့်ဖြစ်သည်။
" အာ့ "
အထိမခံနိုင်တဲ့ လည်ပင်းသားပေါ် ချန်ယောလ်နှုတ်ခမ်းတွေ အလည်သွားတော့ အသက်ရှုသံတွေ တစ်စထက်တစ်စ ပြင်းထန်လာတဲ့ ဘတ်ခ်ဟျွန်းဆီမှ အသံတိုးတိုးလေး ထွက်ကျလာသည်။
ဘတ်ခ်ဟျွန်း ချန်ယောလ်ရဲ့အနမ်းတွေထဲ နစ်မြောနေမိတုန်း လက်ဖဝါးနွေးနွေးက ကျောပြင်ကနေ အောက်ပိုင်းတစ်နေရာဆီ ဦးတည်နေပြီဆိုတာကို သိလိုက်တာမို့ အမြန်တားရန် ပြင်လိုက်သည်။
" ချန် ... ချန်ယောလ်လီ မလုပ် "
သို့သော် ချန်ယောလ်က သူ့စကားကိုနားမထောင်သလို ဘောင်းဘီ ရှုံ့ကြိုးနားအထိရောက်နေပြီဖြစ်တဲ့ လက်ရဲ့ ရွေ့လျားမှုကိုလည်း မရပ်တန့်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂