Part - 28

571 82 5
                                    

[Unicode]

စကူတာမောင်းနေတဲ့ ချန်ယောလ့်ကျောပြင်ကျယ်ကို ပါးဖောင်းဖောင်းလေးနဲ့ ကပ်ထားရင်းက တောက်တောက်ပပ ပြုံးနေတဲ့ နဂါးလေးက သူရဲ့လက်တွေကိုလည်း ချန်ယောလ်ခါးမှာတင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသေးသည်။

" ငါ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက အောက်ကိုလုံးဝ ပြန်မကျတော့ဘူးဆိုတာကို မင်းသိလား ချန်ယောလ်လီ "

မီးပွိုင့်မိနေတာကြောင့် သူ့ခါးပေါ်ဖက်တွယ်ထားတဲ့ လက်လှလှလေးနှစ်ဖက်ကို ပြုံးပြုံးကြီးငုံ့ကြည့်နေတဲ့ ချန်ယောလ်က နဂါးလေးစကားကြောင့် တစ်ချက်ကြောင်သွားပေမဲ့လည်း နားလည်သွားချိန်တွင်တော့ သွား၃၂ချောင်းလုံး အအေးပတ်နိုင်လောက်တဲ့အထိ ပြုံးလိုက်လေသည်။

" မကျေနပ်ဘူးလား Boss က "

" ကျေနပ်တာပေါ့ ... ကျေနပ်တာပေါ့ ! ဒါပေမဲ့ ခဏနေရင် ဒီအပေါ်တက်နေတဲ့ နှုတ်ခမ်းထောင့်စွန်းတွေက လက်နဲ့ပြန်တွန်းတင်ရင်တောင် အပေါ်ကို ပြန်မတက်နိုင်တော့တဲ့အထိ အောက်ကိုကျသွားတော့မှာ ... အင့် ! အခုတောင် ခဏနေရင် ဖြစ်မဲ့အကြောင်းကို တွေးမိပြီး ကျချင်နေပြီ :"( "

" ဟင် ! ဘာလို့လဲ Boss ! ခဏနေရင် ဘာဖြစ်မှာမို့လို့လဲ !  "

ချန်ယောလ် လက်လှလှလေးတွေကို ဆက်မကြည့်နိုင်တော့ဘဲ စိုးရိမ်စိတ်ကြောင့် ချက်ချင်းပင်ခေါင်းစောင်းကာ အနောက်က သူ့ရဲ့အဖြူလုံးလေးအား မေးရတော့သည်။

" အားရှီးးးး ! ချန်ယောလ်လီက ငတုံး ! "

" ဖြန်း ! "

ခါးကို ဖက်တွယ်ထားတဲ့လက်ကို ဖြုတ်ပြီး ချန်ယောလ်ကျောပြင်ကို ဖြန်းခနဲ ရိုက်ချလိုက်တဲ့နဂါးလေးက နှုတ်ခမ်းလေး ဆူထော်ထားပစ်သည်။

" အား ! ဘာလို့ရိုက်တာလဲ Boss ! "

နဂါးလေးရဲ့လက်သံပြောင်မှုကြောင့် ကျောတွန့်သွားတဲ့ချန်ယောလ်က မျက်နှာကြီးရှုံ့မဲ့ပြီး အော်လေတော့ နဂါးလေးက တွန့်လိမ်နေတဲ့သူ့ကောင်လေးပုံစံကိုကြည့်ပြီး စူပုတ်နေရာကနေအော်ရယ်လေသည်။

" ချန်ယောလ်လီ တုံးလို့ရိုက်တာလေ ... အရင်ကလည်း တုံးတယ် ... အခုလည်း တုံးနေတုန်းပဲ ... ဆက်ပြီးလည်း တုံးနေအုံးမယ် ထင်တာပဲ ... အခုဏ ငါပြောချင်တာက ခဏနေလို့ အိမ်ရောက်သွားရင် အခုလို နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် အပေါ်တက်တဲ့အထိ ငါပြုံးနိုင်တော့မှာမဟုတ်ဘူး ... နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်လုံး ဟိုအောက်ဆုံးကို ထိုးကျသွားတဲ့အထိ မင်းကိုလွမ်းနေရတော့မှာလို့ ပြောတာကွ ! "

S T A Y ( Completed )Where stories live. Discover now