Part - 29

528 72 6
                                    

[Unicode]

" ပတ်ခ်ချန် ! အလုပ်ကပြန်ရောက်ရင် ငါတို့တွေ့နေကြ ခေါင်မိုးထပ်ကိုလာခဲ့ ! "

Seen ဖြစ်သွားတဲ့ စာကိုကြည့်ပြီး ဂျွန်ဝူးက ခပ်ဖျော့ဖျော့ပြုံးသည်။ ပြီးနောက်လက်ထဲကိုင်ထားဆဲဖြစ်တဲ့ အဖြူရောင်ခေါက်ထီးလေးကို ဘေးသို့ အသာချလိုက်ပြီး ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

တလက်လက်တောက်ပနေတဲ့ ကြယ်လေးတွေကို ကြည့်ရင်း ဂျွန်ဝူးအတွေးက ညနေက သူ့သူငယ်ချင်းနဲ့ ပြောခဲ့တဲ့စကားအချို့ဆီသို့ရောက်ရှိသွား၏။

" မင်းသာ အစောကြီးတည်းက ချန်ယောလ်ကို ဖွင့်ပြောခဲ့ရင် မင်းအခုလို အသည်းကွဲနေရမှာ မဟုတ်ဘူး ငါ့ကောင်ရ ! "

" ချန်ယောလ့်စိတ်ထဲ ငါ့အတွက်အဲ့လိုခံစားချက်မရှိမှန်း ငါအစောကြီးတည်းက သိနေခဲ့တာပဲလေ ... ငါဖွင့်ပြောလိုက်ရင်လည်း သူ့ငါ့ကို ငြင်းမှာသေချာတယ် ... အဲ့လိုအသေအချာ သိနေတာကိုတောင် ဖွင့်ပြောပြီး ရှိတဲ့အခြေအနေလေးကို ကိုယ်တိုင်ဖျက်စီးပစ်ရလောက်တဲ့အထိတော့ ငါမရူးဘူးကွ "

သူ ထို့သို့ ပြန်ပြောတော့ သူ့သူငယ်ချင်းက သူ့ကို စိတ်ပျက်သလို အမူအယာနဲ့ လှည့်ကြည့်လာခဲ့ပြီး အမေးရှိလာခဲ့ပြန်သည်။

" မင်းက ဘာလို့ အဲ့လောက်တောင် အခိုင်အမာပြောနိုင်ရတာလဲ ဟမ် ! "

" ဘာလို့ဆို ငါက သူ့အကြာင်းကို အသိဆုံးမို့လို့လေ ... ငါက သူနဲ့ ငယ်ငယ်တည်းက သိခဲ့တဲ့သူ ... ငါက သူရဲ့ အချစ်ဆုံးသူငယ်ချင်း ... ငါက သူရဲ့ ညီလို့ သူတွေးထားတာမို့လို့ပဲ ... ပြီးတော့ ... အဟမ်း ... ငါလည်း သူ့ကို အဲ့လောက်ထိဖြစ်နေတာမဟုတ်ပါဘူး "

မျက်လွှာချပြီး ချောင်းဟန့်ကာ သူပြောခဲ့တော့သူ့သူငယ်ချင်းက ဂုတ်ပိုးကို ဖြန်းခနဲမြည်အောင်ရိုက်ချသည်။

" သောက်အပိုတွေ လာမပြောနဲ့ ... ငါက တစ်ခြားသူမဟုတ်ဘူး ... မနေ့ညက လူမှန်းသူမှန်းမသိအောင် မူးရူးပြီး ' ပတ်ခ်ချန်က ငါနဲ့သူနှစ်ယောက်တည်း သိတဲ့နေရာကို သူ့ Boss ကို ခေါ်သွားတယ် ... ပြီးတော့ နှစ်ယောက်သားက ပူးကပ်ပြီး ချစ်စကားတွေလား ဘာတွေလားပဲ  ပြောနေကြသေးတာ ဂန်ထယ်ရာ ' ဆိုပြီး တစ်ညလုံး ငိုယိုသောင်းကျန်နေတဲ့ မင်းရဲ့ ဒုက္ခကို ခံခဲ့ရတဲ့ ကောင်ကွ ! "

S T A Y ( Completed )Where stories live. Discover now