Part - 3

637 96 4
                                    

[Unicode]

" ဘာဖြစ်တာလဲ ! "

ချန်ယောလ် သန့်စင်ခန်းထဲက ထွက်ထွက်ချင်းမှာပဲ မီးတွေပျက်ပြီး မှောင်မဲသွားတဲ့ အခြေအနေနဲ့ ကြုံတွေ့လိုက်ရတာမို့ ကြောင်အသွားရသည်။

ဒီလောက်အဆင့်မြင့်တဲ့ Company မှာလည်း မီးပျက်တတ်တယ်လား။

တွေးရင်း ဖုန်းမီးကိုဖွင့်လိုက်ကာ လက်ကိုဆေးပြီး တစ်ရှူးနဲ့သုတ်လိုက်သည်။ ထို့နောက် ချန်ယောလ် အပြင်သို့ ထွက်လာခဲ့သည်။

" ဘာဖြစ်တာလဲ မီးက "

သူ့ကို အကိုလေးလို့ ခေါ်လေ့ရှိတဲ့ ကောင်လေးကို အပြင်ရောက်တာနဲ့ တွေ့လိုက်သဖြင့် မှောင်နေရတဲ့အကြောင်းအရင်းကို ချန်ယောလ် လှမ်းမေးလိုက်တော့ အရမ်းကို စိုးရိမ်ကြောက်လန့်နေတဲ့ မျက်နှာအနေအထားကြီးနဲ့ လှည့်ကြည့်လာတာကြောင့် ချန်ယောလ်ပင် သူ့လိုလိုက်ကြောက်ရမလိုဖြစ်သွားရ၏။

" ဟာ အကိုလေး ... အတော်ပဲ ... ရော့ ... ဒီဓာတ်မီး ယူပြီး Boss ကို သွားပေးလိုက်နော် ... ပြီးရင်ပြောလိုက်ပါ ... Fuse ပျက်သွားလို့ မီးပြန်လာဖို့ ခဏ စောင့်ရမယ်လို့ "

" ဘာ Fuse ပျက်တယ် ... မင်းတို့ဟာက "

" ဘာမှမပြောပါနဲ့တော့ အကိုလေးရယ် ... ကျွန်တော်တော့ အလုပ်ပြုတ်တော့မှာ အသေအချာပဲ တော်သေးတာက ကျွန်တော် ပြန်ပြင်တတ်လို့ "

ချန်ယောလ်လက်ထဲ ဓာတ်မီးပေးကာ ထွက်သွားတဲ့ ကောင်လေး။

" မင်းတော့ ကိုမီးတောက် … ဟင့်အင်း မီးတောက်ဆိုတာကြီးက ခေါ်လို့မကောင်းဘူး ... ကိုနဂါး အင်း ... ဟုတ်တယ် ကိုနဂါးရဲ့ မျက်လုံးတွေကြောင့် ပြာကျတော့မှာသေချာနေပြီ "

ထွက်သွားတဲ့ ကောင်လေးကိုကြည့်ရင်း ခေါင်းငြိမ့် ခေါင်းခါ လုပ်ကာ Boss အတွက် နာမည်ကောင်းကို သေချာလေးရွေးပြီးမှ ချန်ယောလ် ကောင်လေးအတွက် စိတ်မကောင်းစွာပြောလိုက်သည်။

ထို့နောက်တွင်တော့ လက်ထဲက ဖုန်းမီးကို ပိတ်လိုက်ပြီး ဓာတ်မီးကိုဖွင့်လိုက်ကာ အေးဆေးလေးပင် Boss ရဲ့ အခန်းဘက်သို့ ထွက်လာလိုက်သည်။

S T A Y ( Completed )Tempat cerita menjadi hidup. Temukan sekarang