[Unicode]
ည ၈နာရီအချိန်မှာ နီယွန်းမီးရောင်တွေကြားထဲ ပြေးလွှားနေတဲ့ အဖြူရောင်ပြိုင်ကားလေးတစ်စီးက လမ်းချိုးတစ်ခုထဲကွေ့ဝင်ပြီး စောင့်မျှော်နေသူ သုံးယောက်ရှေ့တွင် ရပ်လိုက်လေသည်။
အင်္ကျီအဖြူရောင် လက်ရှည်လေးပေါ် ကုတ်အဖြူခပ်မိုက်မိုက်လေးကို ဝတ်ဆင်ထားသူက ခလုတ်ကလေးကိုနှိပ်လို့ ကားမှန်ကိုချလိုက်ပြီး လိုင်နာပါးပါးခြယ်သထားသော မျက်ဝန်းလှလှလေးတွေဖြင့် ငေးကြည့်နေသူ သုံးယောက်ကို ကြည့်လိုက်လေသည်။
" ပတ်ခ်ချန်ယောလ် "
နီစွေးနေတဲ့ ပါးလျလျ နှုတ်ခမ်းဖျားကနေ အမည်နာမကို တိုးဖွဖွခေါ်လိုက်သော်လည်း ရပ်နေသူ သုံးယောက်လုံး လှုပ်တောင် မလှုပ်ကြပေ။
ကားပေါ်က ခေါ်နေရင် ရမှာမဟုတ်ဘူးဆိုတာ နားလည်သွားသည့် ဘတ်ခ်ဟျွန်းက ပြိုင်ကားအဖြူလေးပေါ်က ဆင်းလာပြီး ငေးနေတဲ့ ချန်ယောလ်ကို လက်ယပ်၍ အနားလာရန်ခေါ်လိုက်လေသည်။
ပြိုင်ကားကိုကြည့်ပြီး ဆွံ့အနေခဲ့သူ ချန်ယောလ်မှာ ကားပေါ်မှဆင်းလာသော Hair Style အသစ်နှင့် ဆွဲဆောင်မှုရှိလွန်းနေသော သူ့ Boss ကို ကြည့်ပြီး မေးရိုးပါပြုတ်ကျသွားကာ ရင်ခုန်သံပင် မြန်ချင်သလိုလို ဖြစ်သွားရသည်။
" Bo ... Bosss "
ခေါ်နေသော Boss အနား အသာတိုးကပ်သွားတော့ သူ့ကို အပေါ်ကနေအောက်အထိ သေချာစူးစိုက်ကြည့်ပြီးနောက် တစ်ဖက်ကို မျက်နှာလွှဲသွားရင်း နှုတ်ခမ်းပါးပါးပေါ် လက်ချောင်းလှလှနှင့် ဖုံးအုပ်လိုက်သည်ကို တွေ့ရသည်။
" ပတ်ခ်ချန်ယောလ် "
" ဗျာ "
နဂါးလေးကို ချန်ယောလ် ထူးလိုက်ပြီး တောက်ပနေတဲ့ မျက်ဝန်းလေးတွေကို စိုက်ကြည့်လိုက်သည်။
" ငါ နှစ်ယောက်စီး ပြိုင်ကား ယူလာတာနော် "
လက်နှစ်ချောင်းထောင်ပြပြီး ပုံမှန် လေသံလေးနှင့် ဘတ်ခ်ဟျွန်းပြောလိုက်ချိန် သူရှေ့ရပ်နေသော ချန်ယောလ်က ဘာမှပြန်မဖြေဘဲ သူ့ကိုသာ စူးစိုက်ကြည့်နေတာမို့ အသာခေါင်းရမ်းလိုက်မိသည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂