[Unicode]
အမြဲတမ်း လုပ်ရမည့်တာဝန်များကို တစ်ယောက်ချင်းစီအား သေသေချာချာစေ့စေ့စပ်စပ်မှာတတ်တဲ့ Boss ဟာ ဒီနေ့မှာတော့ ထူးဆန်းစွာပင် အစည်းအဝေးခန်း၏ တံခါးကို ဖွင့်ပြီး အထဲကိုဝင်လာတည်းက မတ်တပ်ထနှုတ်ဆက်သူများကိုပင် တစ်ချက်ခေါင်းငြိမ့်မပြဘဲ ပြောချင်တာများကိုသာ အလောတကြီးပြောလာခဲ့သည်။
Boss သည် ခုံပေါ်တွင်မထိုင်ပဲ မတ်တပ်ရပ်လို့သာ တစ်ယောက်ပြီး တစ်ယောက်အား လက်ညိုးထိုးပြီး တရစပ်ပြောနေတာကြောင့် ဌာနမှူးတွေမှာလည်း မတ်တပ်ရပ်ကာ လုပ်ရမည့်တာဝန်များအား မှတ်စုစာအုပ်ထဲ ချရေးကြရသည်။
" ဟူး "
အစည်းအဝေးခန်းထဲမှ Boss ဗြောင် ထွက်သွားချိန်မှာတော့ အားလုံးဟာ ဟူးခနဲ သက်ပြင်းမှုတ်ထုတ်၍ ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသည်။
မိနစ်သုံးဆယ်တိတိ မတ်တပ်ရပ်ပြီးနောက်မှာတော့ ညောင်းသွားကြပြီဖြစ်တဲ့ ဌာနမှုးတွေဟာ မျက်နှာတွေ ရှုံ့မဲ့နေကြရင်းက အခန်းထောင့်က စားပွဲတွင် ထိုင်နေတဲ့အတွင်းရေးမှုးကို မြင်ချိန်တွင်တော့ ခုံပေါ်က ထရပ်လိုက်ကြပြီး အတွင်းရေးမှုးနား ဝိုင်းရပ်လိုက်ကြတော့သည်။
" Boss လေယာဥ်ချိန်က ခဏနေရင်လား အတွင်းရေးမှုးကင် ? "
" မဟုတ်ဘူး "
" ဒါဆို Boss က ဘာလို့ အဲ့လောက် အလောတကြီးဖြစ်နေရတာလဲ ... အမြဲအဲ့လိုမဟုတ်ဘူးလေ "
" ဟုတ်တယ် ... ဒီနေ့မှ တအား ထူးဆန်းနေတာ ... အဲ့လို စိတ်လောနေတဲ့ Boss ပုံစံကိုတစ်ခါမှ မမြင်ဖူးဘူး "
" အေးကွ ! Boss ပုံစံက ထွက်ခွာဖို့အတွက်နောက်ဆုံးတစ်စီးတည်းကျန်တော့တဲ့ ရထားနောက်ပြေးလိုက်ရမဲ့ ခရီးသည်ပုံစံကျနေတာပဲ "
" Boss က ရထားနဲ့လည်း ဘယ်မှမသွားပါဘူး ... ဂျယ်ဂျူးသွားရမှာကလည်း မနက်ဖြန်မှပါ ... အခု ဘာလို့ လောနေရလည်း ဆိုတာကို ကျွန်တော်လည်းမသိပါဘူး ... ဒါကြောင့် ခွင့်ပြုပါအုံး "
အတွင်းရေးမှုးကင်တစ်ယောက် ပြောပြီးတာနဲ့ တစ်ယောက်တစ်ပေါက်စီ ဆက်ပြောနေကြသူတွေအား ထားခဲ့ကာ အစည်းအဝေးခန်းထဲမှ ထွက်လာလိုက်သည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂